သမ္မတဟောင်း အိုဘားမား

June 24, 2020

ဂျိုးဘိုင်ဒင်အတွက် သမ္မတဟောင်း အိုဘားမား ကူညီမဲဆွယ်

အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက ဂျိုးဘိုင်ဒင် သမ္မတဖြစ်ရေးအတွက် ပထမဆုံးအကြိမ် ဂျိုးဘိုင်ဒင်နဲ့ အတူယှဉ်တွဲ မဲဆွယ်ပွဲ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၁ သန်း ရအောင်  ကူညီပေးခဲ့ပါတယ်။  အွန်လိုင်းကတဆင့် ရန်ပုံငွေရှာရာမှာ အခြေခံလူတန်းစားထည့်ဝင်သူ ၁၇၅,၀၀၀ ဆီကနေ အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ သန်း  ရရှိခဲ့ပါတယ်။  အိုဘားမားနဲ့ ဒီမိုကရက်သမ္မတလောင်းဖြစ်ဖွယ်ရှိသူ ဂျိုးဘိုင်ဒင်တို့ကလည်း  အလှူရှင်ကြီးတွေဆီက ရန်ပုံငွေရဖို့ သီးခြားအွန်လိုင်းမဲဆွယ်ပွဲ ပြုလုပ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ သန်းကျော် ရခဲ့ပါတယ်။ ဒီမဲဆွယ်ရန်ပုံငွေဟာ ဘိုင်ဒင် မဲဆွယ်ပွဲအားလုံးထဲမှာ အများဆုံးရခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းက ဘိုင်ဒင်ရဲ့ မဲဆွယ်ရန်ပုံငွေဟာ သမ္မတထရမ့် ရန်ပုံငွေထက် ပထမဆုံးအကြိမ် များပြားခဲ့ပါတယ်။ ဇွန်လ ၂၃ ရက် ရွေးကောက်ပွဲ ရန်ပုံငွေရရှိမှုဟာ ဒီမိုကရက် ထောက်ခံသူတွေအကြား  ရေပန်းစားနေဆဲ အိုဘားမားရဲ့ မဲဆွယ်အားနဲ့ အိုဘားမားဟာ အဓိကမဲဆွယ်ပုဂ္ဂိုလ်အဖြစ် အားထားရနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ ဒါ့အပြင် ဒီမဲဆွယ်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲတွေကို မီးမောင်းထိုးပြနေပါတယ်။ အကြောင်းကတော့ မဲဆွယ်ပွဲ ရန်ပုံငွေရှာသူ အိုဘားမားနဲ့ ဘိုင်ဒင်တို့ဟာ သူတို့ဧည့်ခန်းတွေကနေ မဲဆွယ်ခဲ့သလို ထောက်ခံသူတွေဟာလည်း တိုက်ရိုက်ထုတ်လွှင့်တာကို  ကြည့်ရှုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
11 months Ago
Up