သမ္မတသစ်ပြော

November 6, 2019

အာဂျင်တီးနား ကြွေးမြီကိစ္စ အစိုးရ ဖြေရှင်းရမည့် အဓိက ပြဿနာဟု သမ္မတသစ်ပြော

အာဂျင်တီးနား ကြွေးမြီကိစ္စဟာ တက်လာတဲ့ အစိုးရ ဖြေရှင်းရမယ့် ပြဿနာတရပ်ပဲလို့ ရွေးကောက်ခံ သမ္မတ အယ်ဘတ်တို ဖာနန်ဒက်ဇ်က မက္ကဆီကို သတင်းစာရှင်းလင်းပွဲအတွင်း  ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၄ ရက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အတွင်း ဖာန်ဒက်ဇ်က သူ့အစိုးရ ဆက်ခံရမယ့် ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ဝေဖန်လိုက်တာပါ။ အာဂျင်တီးနားနိုင်ငံဟာ ကြွေးမြီဝန်ထုပ် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံခန့် ထမ်းထားရပြီး ဒီလို စီးပွားရေး အကျပ်တည်းကြုံရတဲ့အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကို ရွေးကောက်ခံသမ္မတ ဖာနန်ဒက်ဇ်က တစိတ်တပိုင်း အပြစ်တင်ခဲ့ပါတယ်။     ရာထူးကနေ နုတ်ထွက်သွားတဲ့ သမ္မတ မော်ရီစီယို မက်ခရီနဲ့ ညှိနှိုင်းထားတဲ့ (IMF)  သဘောတူညီချက်ဟာ အောက်တိုဘာ ၁၁ ရက် ရွေးကောက်ပွဲတွေကတည်းက ရှေ့မတိုးသာ အခြေအနေကို ရောက်နေပါတယ်။ ရွေးကောက်ပွဲမှာ ဖာနန်ဒက်ဇ်က ထင်တာထက်ပိုပြီး အနိုင်ရခဲ့တာကြောင့်  ပီဆိုငွေကြေး တန်ဖိုးကျခဲ့ပြီး ကြွေးမြီသစ်တွေ ရှိလာမယ့် စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
2 years Ago
Up