သမ္မတသစ်

A d v e r t i s e m e n t With Us

December 21, 2019

အယ်လ်ဂျီးရီးယားသမ္မတသစ် ကျမ်းသစ္စာဆို

ဝန်ကြီးချုပ်ဟောင်းဖြစ်သူ အက်ဘ်ဒယ်မဂျစ်တယ်ဘွန်းဟာ အယ်လ်ဂျီးရီးယားသမ္မတအဖြစ် ဒီဇင်ဘာလ ၁၉ ရက်က ကျမ်းသစ္စာဆိုခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးသမားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ်တဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။   အတိုက်အခံတွေက အဲဒီရွေးကောက်ပွဲကို အထက်တန်းလွှာတွေ အာဏာ ဆက်တည်စေတဲ့ ဟန်ပြလုပ်ရပ်ဆိုပြီး သဘောထားကြပါတယ်။   ဖေဖော်ဝါရီလက စလို့ ဟီရွတ် ဆန္ဒပြလှုပ်ရှားမှုအဖွဲ့ဟာ အကျင့်ပျက်ပြီး ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အာဏာရှင် အထက်တန်းလွှာ လုံး၀ မပါဝင်ရေးနဲ့  အယ်လ်ဂျီးယား နိုင်ငံရေးမှာ စစ်တပ် မပါဝင်ရေးကို တောင်းဆိုနေပါတယ်။ လပေါင်းများစွာ ကြာနေတဲ့ နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်ရေးအတွက် သမ္မတ တယ်ဘွန်းက အတိုက်အခံတွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။ ကျမ်းသစ္စာ ဆိုပြီးချိန်မှာတော့ သမ္မတတယ်ဘွန်းက ဖွဲ့စည်းပုံဥပဒေသစ်အတွက် တိုင်ပင်ဆွေးနွေးတာတွေကို မကြာခင် စတင်မယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံဥပဒေသစ်ဟာ သမ္မတကို သက်တမ်း နှစ်ခုအထိ ထမ်းဆောင်ဖို့ ကန့်သတ်ထားပါတယ်။ အယ်လ်ဂျီးရီးယားသမ္မတ တယ်ဘွန်းက အကျင့်ပျက် ခြစားမှု တိုက်ဖျက်ဖို့နဲ့ စီးပွားရေးကို ပုံစံမျိုးစုံ ဖန်တီးသွားဖို့ ကတိပြုခဲ့ပါတယ်။
1 year Ago
Up