သမ္မတလောင်း ကိုယ်စားလှယ်

October 11, 2021

ဂျောင်းဂီပြည်နယ်အုပ်ချုပ်ရေးမှူး လီဂျေးမြောင် ကိုရီးယားသမ္မတလောင်း ကိုယ်စားလှယ် ဖြစ်လာ

တောင်ကိုရီးယားနိုင်ငံ၊ ဂျောင်းဂီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး လီဂျေးမြောင်ဟာ အောက်တိုဘာ ၁၀ ရက်မှာ လက်ရှိအာဏာရပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါတယ်။

သူဟာ မတ်လ ၉ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ လက်ရှိသမ္မတ မွန်းဂျေးအင်းဟာ ပြန်ရွေးကောက်ခံလို့ မရတော့ပါဘူး။

လီဟာ မနေ့ကပြီးဆုံးတဲ့ ကနဦးရွေးကောက်ပွဲမှာ မဲစုစုပေါင်းရဲ့ ၅၀ ဒသမ ၂၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး သူနဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ လူကြိုက်များသူ ဝန်ကြီးချုပ်ဟောင်း လီနာ့ယန်းကတော့ ၃၉ ဒသမ ၁၄ ရာခိုင်နှုန်း မဲရခဲ့ပါတယ်။

လီကို လက်ရှိသမ္မတ မွန်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူ ပြိုင်ဘက်အဖြစ် အပြင်လူတွေက ရှုမြင်ကြပါတယ်။

သူဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး လူကြိုက်များတဲ့ စီးပွားရေး လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့လို့ လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။

လီဟာ အခြေခံဝင်ငွေနဲ့ လူများစုတတ်နိုင်တဲ့ အိမ်ရာစီမံကိန်းတွေ ပိုဆောက်ပေးဖို့ အပါအဝင် မူဝါဒတွေ ပိုတိုးတက်အောင် လုပ်မယ်လို့ သူ့မိန့်ခွန်းအတွင်း ကတိပေးပါတယ်။

လီဂျေးမြောင်ဟာ ၂၀၁၅ ခုနှစ်က ဆုံနမ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းချိန်က လူနေအိမ်ရာများ ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ပတ်သက်တဲ့ အရှုပ်တော်ပုံတရပ်ကြောင့် စွဲချက်တွေကို ငြင်းခဲ့ရဖူးပါတယ်။

1 week Ago
Up