သမ္မတလောင်းရွေးပွဲ

March 6, 2020

မက်ဆာချုးဆက်အထက်လွှတ်တော်အမတ် သမ္မတလောင်းရွေးပွဲမှ နုတ်ထွက် 

လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရတ်တစ်ပါတီသမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံတော့မှာမဟုတ်ဘူးလို့ မက်ဆာချုးဆက်ပြည်နယ်အထက်လွှတ်တော်အမတ် အယ်လီဇဘတ်ဝါရင်က မတ်လ ၅ ရက်မှာ  ပြောပါတယ်။  ဘာနေးဆန်းဒါး၊ ဂျိုးဘစ်ဒန်တို့နဲ့ ယှဉ်ပြိုင်ဘက် ဝါရင်ဟာ ဒီမိုကရတ်ပါတီရဲ့ အစောပိုင်း အဆင့်မဲဆန္ဒနယ်မြေတွေမှာ ထောက်ခံမှုမရဘဲ သူရဲ့ပြည်နယ် မက်ဆာချုးဆက်မှာလည်း တတိယ နေရာသာရခဲ့တဲ့အတွက် သမ္မတလောင်းရွေးပွဲကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။  ဒါဟာ ဗုဒ္ဓဟူးနေ့က  အလားတူရလဒ်တွေ ကြုံခဲ့ရတဲ့ နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ် နှုတ်ထွက်ပြီးနောက် ဒုတိယမြောက်သမ္မတကိုယ်စားလှယ်လောင်း တဦး ပြိုင်ပွဲကနေ နုတ်ထွက်သွားတာပါ။  အသက် ၇၀ ရှိနေပြီဖြစ်တဲ့ မစ္စဝါရင်ဟာ နိုင်ငံရေးမှာ ငွေကြေးလွှမ်းမိုးနေမှု၊ သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေး၊ ရာသီဥတုပြုပြင် ပြောင်းလဲရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေကို အဓိကထား မဲဆွယ်စည်းရုံးခဲ့ပြီး ဒီမိုကရတ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့တာပါ။ လက်ရှိမှာတော့ မစ္စဝါရင် သမ္မတလောင်းရွေးကောက်ပွဲကနေ နုတ်ထွက်သွားတာမို့ ဒီမိုကရတ်ပါတီရဲ့သမ္မတလောင်းနေရာအတွက် အဓိကပြိုင်ဘက်တွေအဖြစ် ဂျိုးဘစ်ဒန်နဲ့ ဘာနေးဆန်းဒါးတို့ပဲ ကျန်တော့တယ်လို့  ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago

February 4, 2020

ဒီမိုကရက် သမ္မတလောင်းရွေးပွဲအတွက် အိုင်အိုဝါတွင် အစည်းအဝေး စတင်

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖေဖော်ဝါရီ ၃ ရက်က အိုင်အိုဝါပြည်နယ်  ဒီမိုကရက်တွေ အစည်းဝေးစတင်လုပ်နေပါပြီ။ ရီပတ်ဘလီကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်မယ့် သမ္မတ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ အပြင်းအထန် ယှဉ်ပြိုင်ရမှာပါ။ ဒီမိုကရက်တစ်သမ္မတ ကိုယ်စားလှယ်လောင်း ၁၁ ဦးထဲကနေ တဦးကို ရွေးချယ်မှာ ဖြစ်ပြီး လောလောဆယ် တစ်ပြေးနေသူတွေကတော့  အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါးစ်နဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က လုပ်တဲ့ အိုင်အိုဝါ လူထုသဘောထားစစ်တမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ထိပ်ဆုံးက  ဦးဆောင်နေပါတယ်။  အိုင်အိုဝါ  မဲဆန္ဒရှင်တွေဟာ ကျောင်းတွေ၊ လူထုအခြေပြုစင်တာတွေနဲ့ တခြား အများပြည်သူနေရာ ၁၆၀၀ ကျော်ကို သွားရောက်ပြီး သူတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြမှာပါ။  နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ကို ယှဉ်ပြိုင်မယ့် ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ အိုင်အိုဝါဟာပြည်နယ်အလိုက် ပြိုင်ပွဲမှာ ပထမဆုံး ကျင်းပတဲ့ ပြည်နယ် ဖြစ်ပါတယ်။
1 year Ago
Up