သမ္မတလောင်း

February 19, 2020

အာဖဂန်နစ္စတန် သမ္မတလောင်း အဗ်ဒူလာ အဗ်ဒူလာ ရွေးကောက်ပွဲ မဲရလဒ်ပယ်ချ

အာဖဂန်နစ္စတန်နိုင်ငံက သမ္မတလောင်း ကိုယ်စားလှယ် အဗ်ဒူလာ အဗ်ဒူလာက ၂၀၁၉ ရွေးကောက်ပွဲမှာ သူ နိုင်တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ အခိုင်အမာ ပြောလိုက်ပြီး အဲဒီနေ့ အစောပိုင်းက ကြေညာတဲ့ တရားဝင် မဲရလဒ်ကိုလည်း ပယ်ချပါတယ်။  အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲမှာ အဲ့ရှ်ရပ်ဖှ်ဂါနီ အနိုင်ရတယ်လို့ မနေ့ကကြေညာခဲ့တာဖြစ်ပြီး ဂါနီက မဲ ၅၀ ဒသမ ၆၄% ရထားပြီး အဗ်ဒူလာ အဗ်ဒူလာကတော့ ၃၉ ဒသမ ၅၂% မဲရထားတယ်လို့ (IEC) က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ငါးလနီးပါး အကြာမှာမှ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် (IEC)က ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ IEC ရဲ့ ကြေညာချက်က တရားမဝင်တဲ့အကြောင်းနဲ့ ဒီမိုကရေစီကို အာဏာသိမ်းတာလို့ အဗ်ဒူလာက သူ့ကို ထောက်ခံသူတွေကို ကဘူးမြို့မှာ ပြောပါတယ်။ မဟာမိတ်တွေနဲ့ အတူ အားလုံးပါဝင်တဲ့ အစိုးရကို ဖွဲ့စည်းမယ်လို့လည်း အဗ်ဒူလာက ပြောပါတယ်။  အမေရိကန် ဦးဆောင်တဲ့ စစ်တပ်က တာလီဘန်အစိုးရကို ၂၀၀၁ ခုနှစ်မှာ ဖြုတ်ချအပြီး လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၈ရက်က ကျင်းပခဲ့တာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက တိုက်ခိုက်မှုတွေ၊ မသမာမှုတွေ၊ စွဲချက်တွေ၊ နည်းပညာဆိုင်ရာ ပြဿနာတွေနဲ့ပါ ရောပြွမ်းနေပါတယ်။
1 year Ago
Up