သိပ္ပံပညာရှင်တွေ အကြံပြုလာရင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို တားဆီးဖို့ အမေရိကန်နိုင်ငံ ကို လော့ဒေါင်းချသွားမယ်လို့ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့သလို ဂျိုးဘိုင်ဒင်သာ သမ္မတ တင်မြောက်ခံရရင် အမေရိကန်ကို တရုတ်သိမ်းလိမ့်မယ်လို့ သမ္မတ ထရမ့်က သတိပေးလိုက်ပါတယ်။
သြဂုတ် ၂၁ ရက်မှာ ABC သတင်းဌာက လုပ်တဲ့ "World News Tonight" သီးသန့်အင်တာ ဗျူးအစီအစဉ်အတွင်း ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်က အမေရိကန်ကို လော့ဒေါင်းချမယ်။ သိပ္ပံပညာရှင်တွေရဲ့ စကားကို နားထောင်မယ်ဆိုပြီး ပြောခဲ့တာပါ။
အဲဒီနေ့မှာပဲ သမ္မတ ထရမ့်က ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်သာ သမ္မတ တင်မြှောက်ခံရရင် အမေရိကန်ကို တရုတ်သိမ်းလိမ့်မယ်လို့ သတိပေး တုံ့ပြန့်လိုက်တာပါ။
ဒီသီတင်းပတ်အတွင်း အရီဇိုးနားနဲ့အိုင်အိုဝါပြည်နယ်တွေကို သွားရောက်တဲ့ခရီးစဉ်မှာ သမ္မတ ထရမ့်က တရုတ်ရဲ့ကျန်းမာရေးပြဿနာ ကိုယ်တွယ်မှုနဲ့ ရောဂါမထိန်းချုပ်နိုင်တာကို စိတ်ပျက်တယ်လို့ ပြောဆိုပေမဲ့ တဖက်ကလည်း အမေရိကန်ယာထွက်ကုန်တွေကို တရုတ်ရဲ့ စံချိန်တင် ဝယ်ယူမှုအပေါ် ထရမ့်က ချီးကျူးလိုက်တယ်လို့ ရိုက်တာက တင်ပြပါတယ်။
6 months Ago