သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေအတွက် တန်ဇန်နီးယား နိုင်ငံသားတွေဟာ အောက်တိုဘာလ ၂၈ ရက်က ဆန္ဒမဲပေးခဲ့ပါတယ်။
တန်ဇန်နီးယား အစိုးရဟာ ဆန့်ကျင်သူတွေကို နှိပ်ကွပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေပေမယ့် သမ္မတ ဂျွန်မာဂူဘူလီက ဒုတိယ ၅ နှစ်သက်တမ်း အနိုင်ရဖို့ ကြိုးပမ်းနေပါတယ်။
သမ္မတ မာဂူဘူလီက အဓိကပြိုင်ဘက်တွေမှာ တွန်ဂူလီဆူနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘဲနတ်မဲမဲတို့ ပါဝင်ပါတယ်။
အဓိကပြိုင်ဘက် တွန်ဂူလီဆူဟာ ၂၀၁၇ က သေနတ်နဲ့ ၁၆ ချက် အပစ်ခံရပါတယ်။ ဒါပေမဲ့ အခုထိ အဲဒီအမှုကို မဖြေရှင်းရသေးပါဘူး။
အရှေ့အာဖရိကရဲ့ တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ တန်ဇန်နီးယားဟာ ပြိးခဲ့တဲ့ ၄ နှစ်မှာ ပျမ်းမျှ စီးပွားရေး တိုးတက်မှု ၇ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။
တန်ဇနီးယား အစိုးရဟာ ရထားလမ်းသစ်၊ ရေအားလျှပ်စစ်ဆည်နဲ့ အမျိုးသား လေကြောင်းလိုင်းအတွက် လေယာဉ်ဝယ်ယူရာမှာ ဒေါ်လာပေါင်း ဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago