အိမ်ဖြူတော်ကနေ ပြောကြားတဲ့ နှုတ်ဆက်မိန့်ခွန်းမှာ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် ပြည်သူတွေဟာ သူ့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့အတွက် သူဟာ ခက်ခဲတဲ့တိုက်ပွဲတွေ၊ အပြင်းထန်ဆုံး ယှဉ်ပြိုင်မှုတွေနဲ့ အခက်ခဲဆုံး ရွေးချယ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
သမ္မတရာထူးသက်တမ်း ကုန်ဆုံးချိန်မှာတော့ ထရမ့်ဟာ ကပ်ရောဂါကြောင့် နေ့စဉ် လူထောင်ချီ သေဆုံးနေတဲ့၊ ဆိုးဆိုးရွားရွား စီးပွားရေး ထိခိုက်နေတဲ့ နောက်ပြီး နိုင်ငံရေး အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့၊ အမြင် ကွဲပြားလှတဲ့ အမေရိကန်နိုင်ငံကို ထားရစ်ခဲ့ပါတယ်။
ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ကို ရှုံးနိမ့်တယ်လို့ ဝန်ခံဖို့ ငြင်းဆိုတာ၊ ထောက်ခံသူတွေကို ကွန်ဂရက်လွှတ်တော်ဆီ ချီတက်ဖို့ တွန်းအားပေးတာတွေက အလိမ်အညာတပုံတပင်ကြားမှာ သူ့ရဲ့ သမ္မတသက်တမ်းကုန်ဆုံးတာကို အဓိပ္ပာယ်ဖော်နေပါတယ်။
သမ္မတထရမ့် ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်၊ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းတာကနေ ဘဏ္ဍာရေးအခက်အခဲ မြင့်တက်နေချိန်မှာ ကစဉ့်ကလျား အာဏာလွှဲပြောင်းရတယ်လို့လည်း ရိုက်တာသတင်းမှာ ရေးပါတယ်။
2 months Ago