သမ္မတထရမ့်ပ်

May 21, 2020

အမေရိကန်သမ္မတထရမ့်ပ်  ငှက်ဖျားတိုက်ဖျက်ဆေး သောက်နေ

ငှက်ဖျားတိုက်ဖျက်ဆေးတမျိုးဖြစ်တဲ့ ဟိုက်ဒရိုဇီကလိုရိုကွင်းဆေးကို သောက်သုံးနေတာ လာမယ့် နှစ်ရက်အတွင်း ဆေးပတ်လည်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။  ဒီဆေးနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေနဲ့ COVID-19 ရောဂါနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ ရှိနေတဲ့ကြားက သမ္မတ ထရမ့်ပ်က ဒီဆေးကို သောက်သုံးနေတာပါ။  ထရမ့်ပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးကို ဒီနှစ်ကုန်မှာ  ဆေးကုမ္ပဏီ တွေက တီထွင်နိုင်မယ် မျှော်လင့်ကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ သူက ဆေး ရှိရှိ ၊ မရှိရှိ အမေရိကန်စီးပွားရေးကို ပြန်ဖွင့်မယ် ပြောထားတာ ရှိပါတယ်။ မေလ ၂၀ ရက်အထိ အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ ၁သန်းခွဲကျော်ရှိနေပြီး သေဆုံးသူက ၉သောင်းခွဲလောက်ရှိနေပြီလို့ ရိုက်တာသတင်းကဖေါ်ပြ ပါတယ်။ 
11 months Ago
Up