သမ္မတထရမ့

A d v e r t i s e m e n t With Us

March 29, 2020

အသက်ရှူစက်  အရေအတွက် ၁ သိန်း ထုတ်လုပ်မည်ဟု သမ္မတထရမ့်ပြော

အမေရိကန်ပြည်ထောင်စုမှာ ရက်ပေါင်း ၁၀၀ အတွင်း အသက်ရှူစက် အရေအတွက် ၁ သိန်း ထုတ်လုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။    အဲဒီအတွက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ဥပဒေညှိနှိုင်းရေးမှူးအဖြစ် အိမ်ဖြူတော် လက်ထောက် ပီတာနာဗာရိုကို သမ္မတ ထရမ့်က ခန့်အပ်ခဲ့ပါတယ်။  သမ္မတထရမ့်က အသက်ရှူစက် အများအပြားထုတ်လုပ်ပြိး  အမေရိကန်နိုင်ငံ လိုအပ်ချက်တွေကို ဖြည့်ဆည်းသလို တခြားနိုင်ငံတွေကိုလည်း ကူညီမယ်လို့ ပြောခဲ့ပါတယ်။  ထရမ့်က အမေရိကန်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ရာ အသက်ရှူစက် အများအပြား လိုအပ်မယ့် အခြေအနေ မရှိတာကြောင့် လိုအပ်နေတဲ့ တခြားနိုင်ငံတွေကို ကူညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်။    ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးခံရတဲ့လူနာတွေအဖို့ အသက်ရှူစက်က  ရှင်သန်ဖို့ အခွင့်အလမ်း အများဆုံးပေးပါတယ်။    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ် အလုပ်မလုပ်တဲ့အခါ အဲဒီစက်နဲ့ အသက်ရှူလုပ်ငန်းစဉ်ကို ကူညီထောက်ပံ့ပေးပါတယ်။ ဒါဟာ  ရောဂါကို တွန်းလှန်ပြီး ပြန်နေကောင်းလာဖို့ လူနာကို အချိန်ပေးတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up