သမုဒ္ဒရာချောက်

A d v e r t i s e m e n t With Us

June 10, 2019

တရုတ်သုတေသနယာဉ် သမုဒ္ဒရာချောက်ထဲမှ နမူနာပစ္စည်း ၄၀၀ ခန့် ကောက်ယူ

တရုတ်သုတေသနယာဉ် ခါ့ရွှယ်ဟာ ကမ္ဘာ့အနက်ဆုံး သမုဒ္ဒရာချောက်ဖြစ်တဲ့ မာရီယာနာ ချောက်ရဲ့ တောင်ပိုင်းကို ၇ ကြိမ် ရေငုပ်ဆင်းပြီး နမူနာပစ္စည်း လေးရာလောက် ကောက်ယူ စုဆောင်းခဲ့ပါတယ်။ ဇွန်လ ၃ ရက်က စလို့ ရေငုပ်ယာဉ် စအလုပ်လုပ်ခဲ့ပြီး ပင်လယ်နက်ထဲရောက်ဖို့ အဝေးထိန်းယာဉ် ROV ကို သုံးခဲ့ပါတယ်။ ကောက်ယူရရှိတဲ့ နမူနာတွေထဲမှာ ကျောက်သားနမူနာ အပိုင်းအစ ၃၉ ခုနဲ့ တိရစ္ဆာန်မျိုးစိတ် ၁၇၀ ကျော်ရဲ့ နမူနာ အပိုင်းအစပေါင်း ၃၆၀ ပါပါတယ်။ ROV က ပြန်ပို့လွှတ်လိုက်တဲ့ ရုပ်သံထဲမှာ ပင်လယ်ရေနက်ပိုင်းထဲက သတ္တဝါတွေကြားက သက်ရှိဇီဝစနစ်ကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ပင်လယ်ရေနက်ပိုင်းထဲက တချို့ သန္တာကျောက်တန်းတွေ၊ အခွံမာ ရေနေသတ္တဝါတွေနဲ့ ခရုမျိုးတွေကတော့ ပထမဆုံး တွေ့ရှိတာတွေပါ။ တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းဒေါင်မြို့ကနေ မေလ ၁၈ ရက်က စတင်ထွက်ခွာလာတဲ့ သုတေသနယာဉ် ခ့ါရွှယ်ဟာ ရက် ၂၀ ကြာအောင် စုံစမ်းစစ်ဆေးမှာပါ။ အဲဒီနောက် တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် ရှားမန်းမြို့ဆီကို ဇွန်လ ၂၃ ရက်မှာ ပြန်ရောက်ဖို့ စီစဉ်ထားပါတယ်။
2 years Ago
Up