သမုဒ္ဒရာတွင်း ပျက်ကျခဲ့သည့် ကန်တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ရှာဖွေနေ

August 17, 2017

သမုဒ္ဒရာတွင်း ပျက်ကျခဲ့သည့် ကန်တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ရှာဖွေနေ

အမေရိကန်စစ်တပ်ရဲ့ ဘလက်ဟော့ခ် (Black Hawk) တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်းဟာ ဟာဝိုင်အီကမ်းလွန် သမုဒ္ဒရာထဲကို ပျက်ကျသွားခဲ့ပြီး လက်ရှိမှာတော့ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ တပ်ဖွဲ့ဝင် ၅ ဦး လိုက်ပါသွားပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ ညပိုင်းက ပျက်ကျခဲ့တာပါ။ အမေရိကန်လေတပ် မြေပြင်အခြေစိုက်စခန်းဟာ အဲဒီ ယူအိပ်ခ်ျ-၆၀ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ အဆက်အသွယ် မရတော့ဘူးဆိုတဲ့ ဆက်သွယ်ချက်ကို ညပိုင်း ၁၀း၀၈ နာရီမှာ ကမ်းခြေစောင့်တပ်ကနေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ လေတပ်ရှာဖွေရေး အဖွဲ့တွေဟာ ရဟတ်ယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတချို့ကို ရှာဖွေတွေ့ရှိထားပါတယ်။ ပျက်ကျခဲ့ချိန်မှာ ကမ်းရိုးတန်းတလျှောက် လေတိုက်နှုန်းဟာ တနာရီကို ၁၁ မိုင်နှုန်းရှိခဲ့ပြီး ရေလှိုင်းအမြင့် ၂ ပေအထိ ရှိခဲ့ကာ ဘာကြောင့်ပျက်ကျခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
4 years Ago
Up