သမုဒ္ဒရာ

June 6, 2017

သမုဒ္ဒရာများကို ကယ်တင်ရန် ကမ္ဘာ့နိုင်ငံများကို ကုလ ဆော်သြ

သမုဒ္ဒရာတွေကို ကယ်တင်ကြဖို့ ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအားလုံးကို ဆော်သြလိုက်ပါတယ်။ ကမ္ဘာကြီးပူနွေးမှု၊ အလွန်အကျွံ ငါးဖမ်းမှု၊ ပလတ်စတစ် အပါအဝင် ပင်လယ်ရေ ညစ်ညမ်းမှုတွေ ပါဝင်တဲ့ ပင်လယ်တွင်းက သက်ရှိတွေကို ခြိမ်းခြောက်မှုနဲ့ သမုဒ္ဒရာတွေထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ပူးတွဲဖြေရှင်းဖို့ ကုလသမဂ္ဂက ကမ္ဘာ့ခေါင်းဆောင်တွေကို ဇွန်လ ၅ ရက်နေ့မှာ ဆော်သြလိုက်ပါတယ်။ သမုဒ္ဒရာတွေ ဘေးကင်းရေး ကုလသမဂ္ဂရဲ့ ဘေးထွက်ဆိုးကျိုးနည်း ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေကို နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်တဲ့ ကုလသမဂ္ဂညီလာခံမှာ ဆွေးနွေး အဖြေရှာနေပါတယ်။ ရာသီဥတု သက်ရောက်မှုကြောင့် ရေအပူချိန်တိုးလာပြီး သန္တာကျောက်တန်းတွေ ပျက်စီးကုန်လို့ ငါးအရေအတွက် လျော့ကျလာတယ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး လေထဲကနေ စုပ်ယူလိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် ပင်လယ်ရေတွေ အက်ဆစ်အပျော့စား ဖြစ်လာတယ်လို့ ကုလသမဂ္ဂ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပင်လယ်ရေညစ်ညမ်းမှု၊ အက်ဆစ်ပေါက်မှုနဲ့ ပင်လယ်ဆိုင်ရာ သုတေသနတွေ စတဲ့ အရေးကိစ္စတွေကို ဆွေးနွေးဖို့ သမုဒ္ဒရာ ညီလာခံအတွင်း အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကြား မိတ်ဖက်ဖွဲ့ကြမှာပါ။ ဒါ့အပြင် လိုလိုလားလား ကတိပြုချက်တွေကိုလည်း မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ မလေးရှားအစိုးရက ဆာဘားပြည်နယ်မှာ မိုင်းခွဲ ငါးဖမ်းတဲ့လုပ်ငန်းကို ၂၀၂၀ မှာ အဆုံးသတ်အောင် လုပ်မှာဖြစ်ပြီး ပီရူးအစိုးရကတော့ ဒေသခံ ငါးဖမ်းလုပ်ငန်း ဘေးကင်းရေး စီမံချက်တွေကို ကတိပြုထားပါတယ်။
4 years Ago
Up