သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်

A d v e r t i s e m e n t With Us

November 20, 2018

သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့် ကိုယ်ဝန်ဖျက်ချခိုင်းသည့်ဖခင်အား ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာမှာ သမီးအရင်းကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန် နှစ်ကြိမ်ဖျက်ချခိုင်းသူ တဦးကို  နိုဝင်ဘာ ၁၈ရက် ညနေက ဖမ်းဆီးခဲ့တယ်လို့ နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ညွန့်ဝင်းက ပြောပါတယ်။ အဓမ္မပြုကျင့်သူ တောင်ငူနယ်သား ဖခင် ဦးညီပုဟာ ၅၆ နှစ်အရွယ်ရှိပြီး သမီးကတော့  ၁၈ နှစ်အရွယ်ဖြစ်ပါတယ်။ မိခင်ကတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။ ရဲအုပ်ကျော်ညွန့်ဝင်းက“ကောင်မလေးကို သူ့အဖေက မှောင်ကာနီးမှာ ခေါ်လာခဲ့တာ။ ရဲစခန်းတောင်ဘက်နားမှာ ဆိုင်ကယ်နဲ့ပွတ်မိပြီး စကားများကြတယ်။ ကျနော်လည်း စခန်းကနေထွက်ပြီး မိသားစုတွေပဲ ပြေပြေလည်လည်ပြောဖို့ ပြောတယ်။ ကောင်မလေးက သူ့အမေနဲ့ ခုအဖေက မွေးတာ သူတဦးပဲ ရှိတယ်။ သူ့အမေ အရင်ယောက်ျားနဲ့မွေးတာ မောင်နှမ လေးယောက်ရှိသေးတယ်။ အဲဒီအစ်ကိုကို လှမ်းခေါ်တာ။ အိမ်ပြန်ရင်အဖေက သူ့ကိုသတ်မှာဆိုပြီး အကြောင်းစုံပြောတယ်။ အစ်ကိုက တိုင်မယ်ဆိုတော့ မိုးညှင်းစခန်းကို လွှတ်လိုက်တယ်။ အဲ့ဒီ လူကိုတော့ စခန်းကို ချော့ခေါ်ခဲ့ပြီး ထိန်းထားလိုက်ရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဦးညီပုဟာ ဇနီးသည်ကွယ်လွန်ပြီး ခြောက်လအကြာမှာ သမီးရင်းကို အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ပြီးနောက် ရလာတဲ့ကိုယ်ဝန်ကို နှစ်ကြိမ်ဖျက်ချခိုင်းခဲ့သလို အိမ်ကနေ နှင်ချလို့ ထွက်သွားမယ်ဆိုတဲ့အခါမှာလည်း အမျိုးမျိုးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးညီပုဟာအရင်ကလည်း မောဟန်လူပျိုခေါင်းကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပေမယ့် ၅ နှစ်နဲ့ လေးလကျခံပြီးနောက် ထောင်က ပြန်လွတ်လာသူဖြစ်ပါတယ်။ အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတွေက သိရှိပေမယ့် ကြောက်လို့ မတိုင်ရဲကြတာလို့  ရဲအုပ်ကျော်ညွန့်ဝင်းက ပြောပါတယ်။ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ဦးညီပုကို နယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။ သတင်း - ခင်သန်းညွှန့်
2 years Ago

December 1, 2016

သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်

သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့သူကို မြောင်းမြခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဝါးခယ်မမြို့နယ်၊ တုံလှဲချောင်းကျေးရွာက ဦးကံငွေ ဆိုသူဟာ အသက် ၁၉ နှစ်အရွယ် သူ့ရဲ့သမီးအရင်းဖြစ်သူကို လွန်ခဲ့တဲ့ ၆ လလောက်က လှေပေါ်မှာ သားမယားအဖြစ် ပြုကျင့်ခဲ့ကာ တခြားသူတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး နောက်ရက်တွေမှာလည်း အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ကိုယ်ဝန်ရှိလာတဲ့အခါမှ အစ်မဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့က သိရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် ရဲစခန်းကို တိုင်ကြားခဲ့တာပါ။ တရားရုံးရဲ့ စစ်ဆေးချက်အရ အလိုမတူဘဲ အဓမ္မပြုကျင့်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြားမှာ နေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့ဘဝ လုံခြုံရေးအတွက်အပြင် ဖခင်နဲ့ သားသမီးကြားမှာ နောက်နောင် အခုလိုအမှုမျိုး မဖြစ်ပွားစေဖို့နဲ့ သာဓကအနေနဲ့ ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ဖြစ်စေဖို့ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တာလို့ မြောင်းမြခရိုင် တရားရုံးက သိရပါတယ်။
4 years Ago
Up