သမီးဖြစ်သူဆိုင်

October 14, 2021

ရေးမြို့နယ် NLD ပါတီဥက္ကဋ္ဌ၏ သမီးဖြစ်သူဆိုင်မှသစ်များ သိမ်းဆည်းခံရ

မွန်ပြည်နယ်  ရေးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေး ရဲ့ သမီးဖြစ်သူ သစ်အရောင်းဆိုင်က သစ်မျိုးစုံတွေကို   စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  လာရောက် သိမ်းဆည်းသွားခဲ့တယ်လို့  ဒေသခံ တွေက  ပြောပါတယ်။

ဦးကျော်မိုးအေးရဲ့သမီးဖြစ်သူ သစ်အရောင်းဆိုင်က ကျပ်သိန်း ရာဂဏန်းခန့်တန်ဖိုးရှိ သစ်မျိုးစုံကို အောက်တိုဘာ ၁၃ ရက် မနက်မှာ လာရောက် သိမ်းဆည်းခဲ့ပြီး အိမ်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ ဆိုပါတယ်။

ဒီနေ့ထိ NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်မိုးအေးနဲ့ မိသားစုဟာ  တိမ်းရှောင်နေရပြီး နေအိမ်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီတပ်က ရှာဖွေကာ  ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ 

ဒါ့အပြင်  ဦးကျော်မိုးအေးရဲ့ ညီဖြစ်သူနဲ့ တက္ကသိုလ်ကျောင်းသား တူဖြစ်သူကိုလည်း ဒီနေ့အထိ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။

ရေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံထားရသူပေါင်း အယောက် ၃၀ လောက်ရှိပြီလို့ သိရပါတယ်။

1 year Ago
Up