သမိုင်းလမ်းဆုံ

October 11, 2021

သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဥ်ထိန်းရဲရုံးအနီး ဗုံးကွဲ

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဥ်ထိန်းရဲရုံး အနီး အောက်တိုဘာ ၁၁ ရက် ဒီနေ့ မွန်းလွဲ   ၁ နာရီခွဲလောက်က  ဗုံးပေါက်ကွဲပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ယာဥ်ထိန်းရဲရုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နေ့စဥ် လုံခြုံ​ရေးယူ​လေ့ရှိပြီး  အနီးအနား Food panda ပို့တဲ့ လူငယ်တွေလည်းရှိတယ်။ ပေါက်ကွဲသံအကျယ်ကြီး နှစ်ခါကြားလိုက်ရတယ်။  Food panda ပို့တဲ့ကောင်းလေးလည်း  ဒဏ်ရာရသွားတယ်”လို့   မရမ်းကုန်းမြို့နယ်နေ ဒေသခံ မျက်မြင်တဦးက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီး​နောက် သမိုင်းလမ်းဆုံမီးပွိုင့်အနီး လမ်းလေးခွဆုံကို စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့ရှာဖွေစစ်ဆေးနေပါတယ်။

မြို့နယ်အသီးသီးက PDF အဖွဲ့တွေကတော့ စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်မှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးကပ်မနေကြဖို့ မလိုအပ်ပဲ အပြင်ထွက်တာမျိုးမလုပ်ဖို့နဲ့ CCTV တွေဖြုတ်ထားကြဖို့ သတိပေးပြောဆိုထားပါတယ်။ 

1 year Ago

သမိုင်းလမ်းဆုံ ယာဉ်ထိန်းရဲကင်းရုံး ဗုံးပေါက်

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ ယာဉ်ထိန်းရဲကင်းရုံးမှာ  အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သမိုင်းလမ်းဆုံမှာရှိတဲ့ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းရုံးမှာ စစ်ကောင်စီတပ်များ စုထိုင်နေစဉ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တာတွေရှိတယ်လို့ အခင်းဖြစ်နေရာအနီးနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်တွေ စုထိုင်နေတဲ့ ယာဉ်ထိန်းရဲရုံးမှာ ဗုံးနှစ်လုံးပေါက်တာ။ သွေးတွေရွှဲနေတဲ့ စစ်သားတစ်ယောက်တော့ တွေ့တယ်။ ဘယ်နှယောက် ထိခိုက်လဲတော့ သေချာမသိဘူး။”

ပေါက်ကွဲသံကျယ်လောင်ကာ  ယာဉ်ထိန်းရုံးမှန်တွေလည်း ပွင့်ထွက်သွားပြီး ဘေးပတ်ဝန်းကျင်က သူတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ သေဆုံးသူနဲ့ ထိခိုက်သူစာရင်း အတိအကျ မသိရသေးပါဘူး။

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

1 year Ago
Up