သမင်တကောင်

January 6, 2020

ဧရာဝတီမြစ် ဖြတ်ကူးနေသည့်သမင်အား ကယ်ဆယ်ပြီး တိရစ္ဆာန်ရုံ ပေးအပ်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီးမီးခုံဆိပ်ကမ်း အောက်ဘက် ၆ မိုင်အကွာ အလယ်ရွာစားကြူးအနီးမှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်း ဖြတ်ကူးနေတဲ့ သမင်တကောင်အား ကယ်ဆယ်ပြီး တိရစ္ဆာန်ရုံသို့ ပေးအပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက ပုဂံကနေ မန္တလေးသို့ ပြန်လာတဲ့ ဇွဲမျိုးထူးအောင် (၁) နိုင်ငံခြားခရီးသည်တင် ရေယာဉ်ပေါ်က ဝန်ထမ်းတွေ တွေ့ရှိကယ်ဆယ်ခဲ့ပြီး မန္တလေးကို ခေါ်ဆောင်လာတာဖြစ်ကြောင်း ရေယာဉ်အသင်းရဲ့ တာဝန်ရှိသူ ဦးခင်မောင်ကြည်က ပြောပါတယ်။ အဲ့ဒီနောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့အတူ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ သမင်မှာ အမ ဖြစ်ပြီး အလျား ၃ ပေခွဲ၊ အမြင့် ၂ ပေ၊ ဝမ်းဗိုက်လုံးပတ် ၂ ပေ ရှိတယ်လို့ သိရပါတယ်။
2 years Ago

December 17, 2019

ရေခဲနေသည့်ကန်ထဲ သောင်တင်နေသည့် သမင်တကောင်ကို ရဲတပ်ဖွဲ့ ကယ်ဆယ် (ရုပ်သံ)

ရေခဲစပြုနေတဲ့ ရေကန်ငယ်တခုထဲမှာ သောင်တင်နေခဲ့တဲ့ သမင်တကောင်ကို ဆူဘလက်တီ  ကောင်တီရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ယိုမင်းမှာရှိတဲ့ ဒယ်နီရယ်ဒေသအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ် ဖြစ်ပွားနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး ဒီမှတ်တမ်းဗွီဒီယိုကို ဆူဘလက်တီကောင်တီ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဗွီဒီယိုဖိုင်မှာ ရဲအရာရှိ ဂျက်စတင်စေးက ကြိုးကို ကွင်းလျှောလုပ်ပြီး ပိတ်မိနေတဲ့ သမင်ကို ရေခဲပေါ် ဆွဲတင်ဖို့ ကြိုးစားနေတာကိုလည်း မြင်တွေ့ရပါတယ်။ ဆွဲတင်လို့အပြီးမှာ အေးနေတဲ့ သမင်ကို နွေးသွားအောင် ပြုလုပ်ပေးခဲ့ရတယ်လို့လည်း ဗွီဒီယိုဖိုင်နဲ့အတူ စာရေးသား ဖော်ပြထားပါတယ်။ အဲဒီနောက်မှာ သမင်ဟာ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up