သမင်အုပ်ကြီး

March 10, 2019

လမ်းဖြတ်ကူးခဲ့သည့် ကောင်ရေ ၇၀၀ ခန့် သမင်အုပ်ကြီး (ရုပ်သံ)

ခန့်မှန်းခြေ ကောင်ရေ ၇၀၀ လောက်ရှိမယ့် သမင်အုပ်ကြီးဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ဂရမ်ဒီရွန်ဒီ တောင်ကြားမှာရှိတဲ့ ရက်ဒ်ပါပါ လမ်းကို အုပ်စုလိုက်ဖြတ်ကူးခဲ့ကြ တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလတွင်း ဆီးနှင်းထူထပ်စွာကျရောက်ခြင်း၊ ဆောင်းရာသီရှည်လျားခြင်းတို့ကြောင့် မတ်လဟာ တောရိုင်း တိရစ္ဆာန်များအတွက် ခက်ခဲမှုကို ဖြစ်စေတယ်လို့ အော်ရီဂွန်ပြည်နယ် သားငါးနဲ့ တောရိုင်းဌာန (ODFW) က ပြောပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဒီတိရစ္ဆာန်တွေကို စိတ်ဖိစီးမှုမဖြစ်အောင် အဝေးမှာနေခြင်း၊ သူတို့နေထိုင်တဲ့ ဧရိယာတွေထဲ မဝင်ရောက်ခြင်းတို့နဲ့ သူတို့ကိုပြင်းထန်တဲ့ ဆောင်းရာသီကို ကျော်ဖြတ်နိုင်အောင် ကူညီသင့်တယ်လို့ ODFW က ပြောပါတယ်။
2 years Ago
Up