ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် သဘောထားကွဲလွဲမှုတွေဖြစ်တာကြောင့် ဘရာဇီး သမ္မတ ဘော်လ်ဆိုနာရိုဟာ ကျန်းမာရေးဝန်ကြီးကို ဧပြီ ၁၆ ရက်မှာ ရာထူးက ထုတ်ပယ်လိုက် ပါတယ်။
သမ္မတ ဘော်လ်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို အဖျားရောဂါအသေးစားလေးသာဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပြီး နိုင်ငံတွင်းပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြည်နယ်တွေကို ကန့်သတ်ပိတ်ဆို့မှု လုပ်ထားတာတွေကလည်း စီးပွားရေးကို ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီး လူးဝစ် ဟင်းနရစ်မန်ဒတ်တာဟာ ဘရာဇီး နိုင်ငံတွင်းလူထုအလုပ်အကိုင်တွေကို ကာကွယ်ပေးဖို့ လိုတာကို တန်ဖိုးမထားဘူးလို့ ဝေဖန်ခဲ့ပြီး နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့လည်း သမ္မတ ဘော်လ်ဆိုနာရိုက တိုက်တွန်းခဲ့ပါတယ်။
ဘရာဇီးနိုင်ငံဟာ လက်တင်အမေရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာဦးရေ ၃၀၆၈၃ ဦး၊ သေဆုံးသူ ၁၉၄၇ ဦး ရှိပြီလို့ သိရပါတယ်။
11 months Ago