သဘောတူညီမှုရ

January 11, 2020

အိုလီဗီယာဂျရူး အင်တာမီလန်အသင်းကို ပြောင်းရန် သဘောတူညီမှုရ

ချဲလ်ဆီး တိုက်စစ်မှူး အိုလီဗီယာဂျရူးဟာ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ဂျရူးကို ၂ နှစ်ခွဲသက်တမ်းရှိ စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၆ ဒသမ ၈ သန်းနဲ့ ၈ ဒသမ ၅ သန်းကြား ပေးချေရမယ်လို့ အီတလီသတင်းစာတွေက ဖော်ပြပါတယ်။ အခုနှစ် ဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျရူးကို ချဲလ်ဆီးနည်းပြ လမ်းပတ်က ပွဲထွက်လူ စာရင်းကနေ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။  ပြင်သစ် လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားခွင့်ရနေတဲ့ ဂျရူးဟာ ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျရူးဟာ ပြီးခဲ့တဲ့ ၅ လတာ ကာလအတွင်းမှာ စုစုပေါင်း ၇ ပွဲသာ ကစားခဲ့ရပြီး တဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
2 years Ago
Up