သဘောတူညီချက် ၁၅ ရပ်

January 26, 2020

ကာကွယ်ရေးကဏ္ဍ အပါအဝင် သဘောတူညီချက် ၁၅ ခု အိန္ဒိယနှင့်ဘရာဇီး လက်မှတ်ထိုး 

အိန္ဒိယနဲ့ ဘရာဇီး ၂ နိုင်ငံကြား နီးကပ်တဲ့ဆက်ဆံရေးကို ရည်မှန်းပြီး ကာကွယ်ရေးကဏ္ဍ အပါအဝင် နယ်ပယ်အမျိုးမျိုးမှာ သဘောတူညီချက် ၁၅ ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုလိုလ က်မှတ်ရေးထိုးနိုင်ခဲ့တာကိုတော့ ၂ နိုင်ငံခေါင်းဆောင်တွေက သူတို့ရဲ့တွစ်တာ လူမှု ကွန်ရက်ပေါ်မှာ ဇန်နဝါရီ ၂၅ ရက်က ဖော်ပြခဲ့ကြပါတယ်။ ဘရာဇီးသမ္မတရဲ့အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ပိုနီးကပ်တဲ့ ပူးပေါင်းမှုကို ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တာလို့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီနဲ့ ဘရာဇီး သမ္မတ ဘော့ဆိုနာရိုတို့က လူမှုကွန်ရက် မီဒီယာ ပေါ်ကနေ ကြေညာခဲ့ကြပါတယ်။
1 year Ago
Up