သဘောတူညီ

July 11, 2020

မာတီနက်ဇ်ကို ခေါ်ယူရန် ဘာစီလိုနာအသင်း အကြိုသဘောတူညီမှုရရှိ

ဘာစီလိုနာအသင်းဟာ အင်တာမီလန် တိုက်စစ်မှူးမာတီနက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ အကြိုသဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။  ဘာစီလိုနာအသင်းက ကစားသမား အလိုက်ပေးပြီး မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အင်တာမီလန်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ကစားသမားနဲ့ သဘောတူညီမှုရရှိထားတာကြောင့် အင်တာမီလန်ဘက်က ဆန္ဒအတိုင်း ငွေသားသီးသန့်နဲ့ ဝယ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ ESPN က ဖော်ပြပါတယ်။  အဲဒီငွေသား ရရှိဖို့အတွက် ကွင်းလယ်လူ ကော်တင်ဟိုကို ရောင်းချပြီး ငွေရှာဖို့ ပြင်ဆင်ထားသလို ရာကီတစ်၊ ဒမ်ဘီလီနဲ့ ဆီမီဒိုတို့ကိုလည်း ရောင်းချဖို့ရှိတယ်လို့ ဆိုပါတယ်။  မာတီနက်ဇ်ရဲ့ စာချုပ်ပါ လျော်ကြေးပမာဏဟာ ပေါင်သန်း ၁၀၀ ရှိတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်ဇ်ဟာ အင်တာမီလန်အတွက် စုစုပေါင်း ၃၈ ပွဲမှာ ၁၇ ဂိုး သွင်းယူထားပါတယ်။ 
10 months Ago

June 19, 2020

မက်ဆီနှင့်ဘာစီလိုနာတို့၏စာချုပ်သစ်တွင် ဆန္ဒရှိပါက ထွက်ခွင့်ရှိသည့် သဘောတူညီချက်ပါဝင်

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာနဲ့ ၂ နှစ်သက်တမ်တိုးဖို့ရှိပေမယ့် ဆန္ဒရှိရင် အသင်းကနေ ထွက်ခွာခွင့်ရှိမယ်လို့ သိရပါတယ်။  စပိန်သတင်းစာတွေရဲ့အဆိုအရ ဘာစီလိုနာအသင်းဟာ မက်ဆီကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။  အဲဒီစာချုပ်မှာ မက်ဆီဘက်က ထွက်ခွာလိုတဲ့ဆန္ဒရှိရင် အသင်းကနေ ထွက်နိုင်တဲ့ သဘောတူညီမှု ပါဝင်မယ်လို့လည်း သိရပါတယ်။  ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဂျော့နဲ့ အလွတ်သဘော ဆွေးနွေးပြီးဖြစ်ပေမယ့် တရားဝင်စာချုပ်ချုပ်ဆိုမှုကိုတော့ အခုနှစ်ရာသီပြီးဆုံးမှ လုပ်ဆောင်မယ်လို့ သိရပါတယ်။  အသက် ၃၂ နှစ်ရှိ မက်ဆီဟာ လာလီဂါချန်ပီယံ ၁၀ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၄ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၃၄ လုံးအထိရရှိထားပြီး ဘာစီလိုနာအသင်းမှာပဲ ကစားသမား ဘဝကုန်ဆုံးသည်အထိ ဆက်ကစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။  မက်ဆီဟာ လာလီဂါပြန်လည်စတင်ပြီးနောက် ကစားခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုးသွင်းပြီး ၂ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ 
11 months Ago
Up