သဘာဝဘေးရင်ဆိုင်ရန် ပြည်​သူ့အင်​အားသာလိုဟု ​နိုင်ငံတော်​အတိုင်ပင်ခံပုဂ္ဂိုလ်​​​ပြော

July 26, 2018

သဘာဝဘေးရင်ဆိုင်ရန် ပြည်​သူ့အင်​အားသာလိုဟု ​နိုင်ငံတော်​အတိုင်ပင်ခံပုဂ္ဂိုလ်​​​ပြော

ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးရင်ဆိုင်ဖို့ ပြည်​သူလူထုရဲ့ အင်​အားပဲလိုတယ်​လို့ ​နိုင်ငံတော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ်​​​က ဒီကနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့ကို လာရောက်ပြီး  ရေ​ဘေးသင့်​ပြည်​သူ​တွေနဲ့ တွေ့ဆုံစဉ်​ ပြောပါတယ်​။ “အခု​ရေကြီးတဲ့ကိစ္စမှာဆိုရင်​ အ​မေတို့ပြန်​ပြီးစဉ်​စားရမယ်​။ အခုက​ပြောင်းလဲသွားပြီး ရာသီဥတုက အ​မေတို့ တသက်​မှာ ပြန်​​ပြောင်းမှာမဟုတ်​ဘူး။ ဒီအတိုင်းပဲ ဆက်​သွားမယ်​။ တချို့တွေက အရင်​နှစ်​၅ နှစ်​၊ ၁၀နှစ်​တုန်းက ဒီလိုပဲ အဲလိုစဉ်းစားတယ်​။ ၅ နှစ်​ ၁၀နှစ်​အထိ တကမ္ဘာလုံးရဲ့ ရာသီဥတုက ​ပြောင်းသွားပြီ။ ​ရေကြီးတာက​တော့ ဒီမှာဖြစ်​​နေတယ်​။ ဘယ်​လို လုပ်​ရမလဲ။ အရင်​တုန်းကထက်​ ကုန်းမြင့်​တဲ့​နေရာ​တွေမှာ ​နေရမယ်​။ အ​ဆောက်​အဦ​တွေ့ အရင်​တုန်းကထက်​ ​ရေလွတ်​​အောင်​ ဘယ်​လိုလုပ်​မလဲ။ အဲဒါ​တွေ စဉ်းစားရမယ်​။ အဲဒါ​တွေက လက်​​တွေ့အလကားမရဘူး။ ပိုက်​ဆံ​တွေလိုတယ်​။ ပိုက်​ဆံလိုတယ်​ဆိုရင်​ နိုင်​ငံတစ်​နိုင်​ငံမှာ ပိုက်​ဆံရှိဖို့ဆိုတာ ပြည်​သူလူထုရဲ့ အင်​အားပဲလိုတယ်​"လို့ ​ပြောပါတယ်​။ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ​လယ်​ယာ​မြေ​ပေါ်တည်​​ဆောက်​မယ့် စီမံကိန်း​တွေနဲ့ သိမ်းဆည်း လယ်​ယာ​မြေ​တွေနဲ့ ပတ်​သက်​ပြီး ဆက်​လက်​ပြောကြားရာမှာ “​ပြောင်းသင့်တဲ့ အချိန်​မှာ ပြောင်းမှ ကိုယ်​ဘဝက တိုးတက်​မယ်​။ ​ပြောင်းသင့်တဲ့အခါမှာ မ​ပြောင်းဘဲနဲ့ ဒီနားမှာ ကပ်​​နေမယ်​ဆိုရင်​ အနည်းနဲ့အများ ရင်​ဆိုင်​ရမှာ​ကြောက်​လို့ဆိုရင်​ ဘာမှ တိုးတက်​မူမရှိဘူး။ ကြောက်​​နေလို့ မဖြစ်​ဘူး။ သတ္တိရှိရှိနဲ့ ရင်​ဆိုင်​ရမယ်​။ တချို့​တွေက တရားမဝင်​တဲ့ပုံစံနဲ့​ နေတယ်​ ဆိုရင်​ တရားဝင်​တဲ့နည်း​တွေရှာသင့်​တယ်​။ အစိုးရကဝိုင်းပြီးရှာ​ပေးရမယ်​။ ပြည်​သူကလဲ ပူး​ပေါင်း​ဆောင်​ရွက်​ရမယ်​"လို့ ​ပြောပါတယ်​။ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ဟာ ကယ်​ဆယ်​​ရေးစခန်း​တွေကို​ရောက်​ရှိ ခိုလှုံ​နေတဲ့ ​ဒေသခံပြည်​သူ​တွေကို သွားရောက်ကြည့်ရှု အား​ပေးစကား​ပြောကြားပြီး ဌာနဆိုင်​ရာ​တွေက ​ပေးအပ်​လှူ ဒါန်းတဲ့ ထောက်ပံ့ငွေနဲ့ စားသောက်​ဖွယ်​ရာ​တွေကို လက်​ခံခဲ့ပါတယ်​။ ဆက်​လက်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ကယ်​ဆယ်​​ရေးစခန်း​တွေမှာ ရောက်​ရှိ​နေ တဲ့ ​ဒေသခံပြည်​သူ​တွေရဲ့ လိုအပ်​ချက်​​တွေကို ​မေးမြန်းပြီး ပြည်​နယ်​ဝန်ကြီးချုပ်​နဲ့ သက်​ဆိုင်​ရာ ဌာန​တွေကို ပူး​ပေါင်း​ဆောင်​ရွက်​​ပေးဖို့ လမ်းညွန်မှာကြားခဲ့ပါတယ်​။ ရဲမင်း​ခေါင်
3 years Ago
Up