သဘာဝဘေးမဲ့တောတွင်း ဆဲလ်ဖီဓာတ်ပုံရိုက်ချိန် မိကျောင်းကိုက်ခံရသည့် အမျိုးသမီး

January 2, 2017

သဘာဝဘေးမဲ့တောတွင်း ဆဲလ်ဖီဓာတ်ပုံရိုက်ချိန် မိကျောင်းကိုက်ခံရသည့် အမျိုးသမီး

အသက် ၄၁ နှစ်အရွယ် ပြင်သစ်အမျိုးသမီးတဦးဟာ ထိုင်းနိုင်ငံမှ တောရိုင်းတိရစ္ဆာန် သဘာဝဘေးမဲ့တောတခုအတွင်း ဆဲလ်ဖီဓာတ်ပုံ ရိုက်ခဲ့ချိန်မှာ မိကျောင်းကိုက်ခံခဲ့ရပါတယ်။ သူဟာ ထိုင်းနိုင်ငံ၊ ခေါင်ရိုင် အမျိုးသားဥယျာဉ်တွင်းကို ခင်ပွန်းဖြစ်သူနဲ့အတူ လာရောက်လည်ပတ်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းတပုဒ်မှာ ဇန်နဝါရီ ၁ ရက်နေ့က ဖော်ပြပါတယ်။ ထိုင်းသတင်းတွေရဲ့ အဆိုအရ အဲဒီအမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ မိကျောင်းအနီး ဆောင့်ကြောင့်ထိုင်ပြီး ဆယ်လ်ဖီဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ မိကျောင်းက အမျိုးသမီးရဲ့ပေါင်ကို ကိုက်ခဲ့တာလို့ ဆိုပါတယ်။ သဘာဝ တောတွင်းက ရေတံခွန်အနီး စမ်းချောင်းဘေးမှာ နေဆာလှုံနေခဲ့တဲ့ မိကျောင်းရဲ့အနီးမှာ သူတို့က ဓာတ်ပုံရိုက်ခဲ့ကြတာပါ။ ဒေသတွင်း ကယ်ဆယ်ရေးသမားတွေဟာ သူ့ကို အလျှင်အမြန် ကယ်တင်ခဲ့ကြပြီး ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိ သူ့ရဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်သေးဘဲ အခင်းဖြစ်တဲ့ နေရာဟာ သဘာဝဘေးမဲ့တောတွင်း အန္တရာယ်ရှိနေရာတခုအဖြစ် အသွားအလာ ရှောင်ကြဉ်ကြဖို့ သတိပေးထားရတဲ့ နေရာတခု ဖြစ်ပါတယ်။
5 years Ago
Up