သဘာဝသမိုင်းပြတိုက်

October 15, 2020

၂၀၂၀ ပြည့်နှစ် တနှစ်တာ အကောင်းဆုံး သားရိုင်းတိရစ္ဆာန်ဓာတ်ပုံဆုရရှိသူများ(ဓာတ်ပုံ)

လန်ဒန်မြို့၊ သဘာဝသမိုင်းပြတိုက်က ကြီးမှူးကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် တနှစ်တာ သားရိုင်းတိရစ္ဆာန်ဓာတ်ပုံဆုရရှိသူတွေကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး Wildlife Photographer of the Year 2020 ဆုကိုတော့ ရုရှားဓာတ်ပုံဆရာ Sergey Gorshkov ရဲ့ ဓာတ်ပုံတပုံက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံထဲမှာတော့ ကျားမတကောင်က သစ်ပင်တပင်ကို ဖက် လျက်သားအနေအထားနဲ့ တွေ့မြင်ရမှာဖြစ်ကာ အဲဒီပုံကို ရရှိနိုင်ဖို့ ရုရှားနိုင်ငံအရှေ့ဖျားက အမျိုးသားဉယျာဉ်ထဲမှာ လျှို့ဝှက်ကင်မရာထောင်ပြီး အချိန် ၁၁ လလောက်ကြာအောင် ဖမ်းယူရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ ၅၆ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်တဲ့ ဒီပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံက ပြိုင်ပွဲဝင် တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ကာ ဝါရင့်ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ၊ အ ပျော်တမ်းဓာတ်ပုံဆရာတွေအပြင် လူငယ်တွေလည်း ပါဝင်ပါတယ်။ ပြိုင်ပွဲလက်ရာ ၄၉,၀၀၀ ကျော်ထဲက ဒိုင်တွေက ရွေးချယ်ထားတဲ့ စုစုပေါင်း ဓာတ် ပုံ ၆၈ ပုံကိုတော့ ပွဲစီစဉ်သူတွေက ကနဦး ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အဆိုပါ လက်ရာ တွေထဲမှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ရှားပါးမျိုးစိတ်တွေ၊ သတိပြု ဆင်ခြင်စရာ သဘာဝဘေးဒဏ်သင့် ဓာတ်ပုံလက်ရာတွေ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Wildlife Photographer of the Year 2020 ဆုနဲ့အတူ တ ခြားခေါင်းစဉ်တွေနဲ့ ဆုရဓာတ်ပုံတွေကို အပြီးသတ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဆုရဓာတ်ပုံတွေကိုတော့ အမျိုးသားသမိုင်းပြတိုက်မှာ ပြသတာအပြင် ယူကေနဲ့ ကမ္ဘာ့မြို့ကြီးတွေမှာလည်း ပြပွဲတွေအနေနဲ့ ပြသသွားမှာလို့ သတင်းထုတ်ပြန်ထားပါတယ်။ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်ကြား Young Wildlife Photographer of the Year ဆုကိုတော့ ဖင်လန်ဓာတ်ပုံဆရာမ Liina Heikkinenက ရရှိသွားခဲ့တာ ဖြစ်ပြီး တခြား ခေါင်းစဉ်တွေအလိုက် ဆုရရှိသူတွေရဲ့ ဓာတ်ပုံတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။   Winner – Animals in their Environment and Garand Title Winner: The embrace by Sergey Gorshkov, Russia Winner 2020 Winner – 15 to 17 years old, and Young Grand Title winner: The fox that got the goose by Liina Heikkinen, Finland Winner – Behaviour, Invertebrates: A tale of two wasps by Frank Deschandol, France Winner – Animal Portraits: The pose by Mogens Trolle, Denmark Winner – 11 to 14 years old: A mean mouthful by Sam Sloss, Italy/USA Winner – 10 years and under: Perfect balance by Andrés Luis Dominguez Blanco, Spain Winner – Behaviour, Mammals: When mother says run by Shanyuan Li, China Winner – Behaviour, Amphibians and Reptiles: Life in the balance by Jaime Culebras, Spain Winner – Behaviour, Birds: Great crested sunrise by Jose Luis Ruiz Jiménez, Spain Winner – Earth’s Environments: Etna’s river of fire by Luciano Gaudenzio, Italy Winner – Under Water: The golden moment by Songda Cai, China Winner – Wildlife Photojournalist Story Award: Backroom business by Paul Hilton, UK/Australia Winner – Portfolio Award: The last bite by Ripan Biswas, India Winner – Urban Wildlife. Watching you watching them by Alex Badyaev, Russia/USA Winner – 2020, Rising Star Portfolio: Eleonora’s gift by Alberto Fantoni, Italy
7 months Ago
Up