သဘာဝရေထွက်ကိုဖျက်ဆီး၍ ယာခင်းပြုလုပ်သူအား တားဆီးပေးရန် ဒေသခံများတောင်းဆို

A d v e r t i s e m e n t With Us

January 2, 2020

သဘာဝရေထွက်ကိုဖျက်ဆီး၍ ယာခင်းပြုလုပ်သူအား တားဆီးပေးရန် ဒေသခံများတောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာ သဘာဝရေထွက် ရေအကျိုးပြု ရေလှောင်ကန်ဧရိယာကို ဖျက်ဆီးပြီး စိုက်ပျိုးမြေယာခင်းအဖြစ် ပြုလုပ်နေတာကို တားဆီးပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။ အဲ့ဒီ သဘာဝရေထွက်ဟာ ပင်ဖြစ်ရွာ မှ ရွှေညောင်အထိစိုက်ပျိုးရေးအတွက် အားထားရတဲ့ ရေအရင်းအမြစ်ဖြစ်ပြီး အင်းလေးကန် ရေရှည်တည်တံ့ရေးအရေးပါတဲ့ ရေထွက်တစ်ခုဖြစ်ပါတယ်။ ပင်ဖြစ်ဇရစ်ရေလှောင်ကန်ဘေးပတ်ပတ်လည်မှာ သရက်ပင်၊ ငှက်ပျောပင် စတဲ့ နှစ်ရှည်ပင်တွေကို ရေထွတ်မှာရှိတဲ့ သစ်ပင်တွေဖျက်ဆီးပြီး စိုက်ပျိုးလုပ်ကိုင်လာကြပါတယ်။ အဲဒီ သဘာဝရေထွက်သစ်တောကြီး ရေလှောင်ဇရစ်ကန်ဟာ ၂၀၀၄ ခုနှစ်က ယမ်းတွင်းငါးကြောင် အုပ်ချုပ်ရေးမှူးဟောင်းက အာဏာရှိသူနဲ့ပေါင်းပြီး ယာခင်းအဖြစ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အရေးယူပေးဖို့ ဒေသခံတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားပြီး ညွန်ကြားစာ ထွက်ရှိလာပြီဖြစ်ပေမယ့် အခုချိန်ထိ အရေးယူပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေက သဘာဝရေထွက်ကို နဂိုမူလအတိုင်း ရေထွက်ပြန်အားကောင်းအောင် သစ်ပင်တွေပြန်လည်စိုက်ပြီး ထိန်းသိမ်းမှုပြန်လုပ်လိုတဲ့အတွက် ယာခင်းစိုက်ပျိုးသူကို အရေးယူပေးဖို့ တောင်းဆိုလာကြပါတယ်။ အဲဒီရေထွက်နဲ့ သစ်တောဧရိယာဟာ ဧက ၅၀ ကျော်ရှိပြီး ဖျက်ဆီးခံလိုက်ရတဲ့အတွက် ၁၄ ဧကဝန်းကျင်သာရှိတော့တယ်လို ဒေသခံတွေက ပြောပါတယ်။ ခွန်ရာဇာ
1 year Ago
Up