သဘာဝဘေးအန္တရာယ် လျော့ချရေး အသိပညာပေး

February 14, 2020

ချောက်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေး အသိပညာပေး 

ကလေးသူငယ်များအတွက် သဘာဝဘေအန္တရာယ် လျော့ချရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးပွဲကို မကွေးတိုင်းတိုင်း ချောက်မြို့ အထက ၁ ကျောင်းမှာ ဒီနေ့မနက်ပိုင်း မကွေးခရိုင် မီးသတ်ဦးစီးဌာနက ဦးစီးကျင်းပခဲ့ပါတယ်။ “နိုင်ငံတကာမှာလည်း သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် ကလေးသူငယ်က ထိခိုက်တာများတယ်။ အဲဒါကြောင့် ကလေးတွေကို အဓိကထား အသိပညာပေး ဆောင်ရွက်တဲ့ အစီအစဉ်ပါ” လို့ မကွေးခရိုင်မီးသတ် ဦးစီးလက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်စိုးက ပြောပါတယ်။ ကလေးငယ်တွေကို သဘာဝဘေးအန္တရာယ် လျော့ချရေးအစီအစဉ်အဖြစ် အသိပညာပေး ဂိမ်း ၉ မျိုးကို လက်တွေ့ကစားခိုင်းပြီး အိမ်နဲ့ ကားတွေမှာ ဆောင်ထားတတ်တဲ့ မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံ၊ လောင်စာ၊ အပူ၊ အောက်စီဂျင်ကြောင့် မီးလောင်တတ်ပုံ၊ သဘာဝဘေးဖြစ်မယ်ဆိုရင် မဖြစ်ခင်က ဘာပစ္စည်းတွေ ဆောင်ထား ရမယ်ဆိုတဲ့အသိ၊ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဒဏ်ရာရပါက ရှေးဦးသူနာပြု ဘယ်လို့လုပ်ရမယ်ဆိုတာတွေနဲ့ မီးငြိမ်းသတ်မှု စတာတွေကို စနစ်တကျ ပြသ ဆောင်ရွက်ခဲ့တတယ်လို့ ဆိုပါတယ်။ အဆိုပါအသိပညာပေးပွဲကို ခရိုင်မီးသတ်တပ်ဖွဲ့၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။ ကလေးသူငယ်များအတွက် သဘာဝဘေအန္တရာယ် လျော့ချရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးပွဲကို မကွေးတိုင်းအတွင်းက တခြားမြို့တွေမှာလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
1 year Ago
Up