သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ

A d v e r t i s e m e n t With Us

November 19, 2020

နွားထိုးကြီးမြို့ရှိ ပုဂ္ဂလိကဆေးခန်းပိုင်ရှင် ၁ ဦးကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ အမှတ် ၈ ရပ်ကွက်မှာဖွင့်လှစ်ထားတဲ့ ပိတောက်ဝါ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ မြို့မရဲစခန်းက သိရပါတယ်။ အမှုမှာ မြင်းခြံမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ  အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၇ ထိ အဆိုပါ ဆေးခန်းမှာကုသပေးခဲ့တဲ့အတွက် လူနာနဲ့ ထိတွေ့ခဲ့တဲ့ ဆေးခန်းပိုင်ရှင် ဒေါက်တာ ကျော်ကိုကိုနဲ့ အကူသူနာပြုတစ်ဦးကို နိုဝင်ဘာ ၂ ရက်အထိ ကွာရန်တင်းဝင်ခိုင်းခဲ့ကာ ဆေးခန်းလုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုဖို့ သက်ဆိုင်ရာက တားမြစ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဆေးခန်းမှာ ပြင်ပလူနာ လက်ခံတာ၊ ဆေးခန်းရှိ လူနာတွေကို နေရပ်ပြန်လည်စေလွှတ်တာ၊ ဆေးပေးတာစတဲ့ ဆေးကုသရေးလုပ်ငန်းတွေ ဆက်လက် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သတင်းပေး တိုင်ကြားလာတဲ့အတွက် သတ်မှတ်စည်းကမ်းလိုက်နာမှု မရှိတာကြောင့် ဒေါက်တာကျော်ကိုကို ကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ နွားထိုးကြီးသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီက အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။ နွားထိုးကြီးအမှတ် ၈ ရပ်ကွက်ရှိ ပိတောက်ဝါဆေးခန်းဟာ ပုဂ္ဂလိကဆေးရုံအဖြစ် အဆင့်မြှင့်တင်ထားပြီး အတွင်းလူနာတွေနဲ့ အပြင်လူနာတွေ လက်ခံဆောင်ရွက်နေစဉ်  အခုလို အမှုဖွင့် အရေးယူ ခံရတာ ဖြစ်ပါတယ်။ သတင်း- ဇာဇာမောင်(CJ)
2 months Ago
Up