သဘာဝပတ်ဝန်ကျင်အရေး

October 29, 2018

ဂျာမနီတွင် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ဖမ်းဆီးခံရ

ဂျာမနီမှာ ရှေးဟောင်းသစ်တောတခု ရှင်းလင်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ အယောက်တရာကျော် အောက်တိုဘာ ၂၈ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ရထားလမ်းကို ပိတ်ဆို့ထားခဲ့တာပါ။ ရဲတွေရောက်လာချိန်မှာ လူအများအပြားက ရထားလမ်းကို စွန့်ခွာပြီး ဆန္ဒပြ ချီတက်ခဲ့ပါတယ်။ ကျန်နေခဲ့တဲ့ လူအယောက် ၁၅၀ လောက်ကို ရဲတွေက ရှင်းခဲ့ပြီး အများစုက အဖမ်းခံရပါတယ်။ အဖမ်းခံရသူ အရေအတွက် အတိအကျကို ရဲတွေက အတည်မပြုနိုင်သေးပါဘူး။ ဂျာမန် လျှပ်စစ်နဲ့ ရေဖြန့်ဖြူးမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း RWE ကလုပ်တဲ့ သစ်တောရှင်းလင်းမှုကို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက အကြီးအကျယ် ဝေဖန်ပြစ်တင်ခဲ့တာပါ။ သစ်ပင်အိမ်တွေပေါ်က တက်ကြွလှုပ်ရှားသူတွေကို ဂျာမန် အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ရှင်းခဲ့အပြီး စက်တင်ဘာကစတဲ့ လှုပ်ရှားမှုမှာ ခုတကြိမ်က အကြီးဆုံး ဖြစ်ပါတယ်။ သစ်တောအတွင်း သစ်ပင်အိမ်တွေကို ချိတ်ဆက်ထားတဲ့ တံတားပေါ်က ပြုတ်ကျလို့ အမျိုးသားတဦး သေဆုံးပါတယ်။ ဂျာမနီအစိုးရဟာ ၂၀၁၀ မှာ လေနဲ့ နေစွမ်းအင်ထုတ်လုပ်မှု ၆၅ ရာခိုင်နှုန်းရောက်တဲ့အထိ တိုးမြှင့်ဖို့ ရည်မှန်းထားပြီး ရာသီဥတုပြောင်းလဲမှု ဟန့်တားရေး ကတိအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု လျှော့ချဖို့ ရည်မှန်းထားပါတယ်။
3 years Ago
Up