သဘင်ပညာရှင်

A d v e r t i s e m e n t With Us

June 2, 2020

သဘင်ပညာရှင် ၁၂၀၀၀ကျော်ကို ကိုဗစ်-၁၉ကာလ ဆန် ၈ ပြည်စီ ထောက်ပံ့လှူဒါန်း

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး အသင်းဝင် ၁၂၀၀၀ ကျော်အတွက် ဆန် ၈ ပြည်စီ ထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ  ဖိုးချစ်က ပြောပါတယ်။ “ကျနော်တို့အနေနဲ့တော့ ကာလာမခွဲဘူး သဘင်ပညာရှင်ဖြစ်ရင်ပြီးရော။ အသင်းဝင်ကတ် ဘယ်တုန်းကရှိခဲ့ ရှိခဲ့ ရပြီ။ အသင်းဝင်ကတ် မရှိတောင်မှ သဘင်သည်ဖြစ်တာမှန်ရင် ရပြီးဆိုပြီး ဒီအစီစဉ်လေးကို သီးခြားစီစဉ်ဖြစ်တာ”လို့ ဖိုးချစ်က ပြောပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့က သဘင်ပညာရှင် လက်ရှိ စာရင်းရှိထားတဲ့ ၁၂၀၀၀ ကျော်အတွက် “ပိုသူလှူ-လိုသူကူ” ခေါင်းစဉ်နဲ့  ကိုယ်တိုင်ကိုယ်ကျ လိုက်လံပေးအပ်သွားမယ်လို့လည်းဆိုပါတယ်။  ချောက်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ဌေးဝင်းက “အခုတဖန်ထပ်ပြီး လှူဒါန်းတာက ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ အနားယူ နေကြသူတွေ၊ လုပ်ကိုင်နေပေမဲ့လည်း စာချုပ်ဝင်ထဲ မပါတဲ့လူတွေ၊ သဘင်စာရင်းဝင်လက်ကျန်ပေါ့ ဝေငှခြင်းမရှိသေးတဲ့ သူတွေကို ထပ်ပြီးဝေတာပါ၊ ချောက်မြို့နယ်အနေနဲ့က ၇၂ ဦး ကျန်ရှိတာ ဒီနေ့လာရောက်လှူတာ”လို့ပြောပါတယ်။ လှူဒါန်းပေးအပ်မှုကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး လူမှုကူညီစောက့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ တင်မောင်ဆန်းမင်းဝင်း၊ ဒုဥက္ကဋ္ဌ ဟန်ဇာမိုးဝင်းတို့ ပါဝင်တဲ့ အဖွဲ့က လာရောက်ပေးအပ်လှူဒါန်းခဲ့တာပါ။ ပြီးခဲ့တဲ့လကလည်း သဘင်ပညာရှင်အစည်းအရုံး(ဗဟို)ကနေ အနုပညာရှင် စည်းကမ်းချက်သုံးချက်နဲ့ ညီညွတ်သူ ၂၂၀၀၀ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့  ပဲတို့ကိုလည်း တစ်ကြိမ်လှူဒါန်းခဲ့ပါတယ်။ သတင်း-ကိုလင်း(ချောက်)
9 months Ago

April 25, 2020

မကွေးတိုင်းအတွင်းရှိ သဘင်ပညာရှင် ၃၄၀၀ ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မကွေးတိုင်းအတွင်းရှိ သဘင်ပညာရှင် ၃၄၀၀ ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနေတယ်လို့ မကွေးတိုင်း မြန်မာနိုင်ငံသဘင်အစည်းရုံး ဥက္ကဋ္ဌ ဦးမင်းခန့်ကိုက ပြောပါတယ်။ COVID-19 ရောဂါကြောင့် ပွဲလမ်းသဘင် ရာသီမှာ အလုပ်တွေ ရပ်နားထားရတဲ့အတွက် အောက်ခြေမှာရှိတဲ့ သဘင်ပညာရှင်တွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြတာကြောင့်  မြန်မာနိုင်ငံသဘင်အစည်းရုံးနဲ့ CB ဘဏ် KMA ဖောင်ဒေးရှင်းတို့က ထောက်ပံ့ပေးတာလို့ ဆိုပါတယ်။ ထောက်ပံ့တဲ့နေရာတွေမှာလည်း အောက်ခြေအဆင့်ထိရောက်အောင် မှတ်တမ်းတွေ ထားရှိပြီးတော့ လူစုလူဝေးမဖြစ်အောင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ သဘင်ပညာရှင်တဦးကို ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၅၀ သား၊ ဆား ၅၀ သား ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ မကွေးမြို့နယ် သဘင်အစည်းရုံးဥက္ကဋ္ဌ ဦးသန်းဇော်က ဒီကာလကြီးက ဘယ်လောက်ကြာမယ်မှန်း မသိဘဲ အလုပ်တွေရပ်နားထားရပြီး အောက်ခြေသဘင်အဖွဲ့သားတွေအနေနဲ့ တခြားအလုပ်တွေနဲ့ ရပ်တည်ဖို့ အခက်အခဲရှိတယ် လို့ ပြောပါတယ်။ အခုလို ထောက်ပံ့ရေးအစီအစဉ်ကို မြန်မာနိုင်ငံသဘင်အစည်းရုံးက ငွေကျပ် သိန်း ၁၅၀၀၊ CB ဘဏ် KMA ဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း ၁၅၀၀၊ စုစုပေါင်း သိန်း ၃၀၀၀ ကျပ် အကုန်ကျခံပြီး တနိုင်ငံလုံးမှာရှိတဲ သဘင်ပညာရှင် ၂၂၀၀၀ ကျော်ကို အခြေခံ စားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။ မင်းထီး
10 months Ago
Up