မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
သပြေတန်းခံတပ်
Home
သပြေတန်းခံတပ်
January 12, 2020
2.5K
သပြေတန်းခံတပ် သို့မဟုတ် နောက်ဆုံးအညံ့ခံရာ နေရာ
အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေအကြောင်းမှာ မပါမဖြစ် နေရာတခုကတော့ သပြေတန်းခံတပ်ပါ။ နန်းမြို့ကို ဆန်တက်လာတဲ့ အင်္ဂလိပ်သင်္ဘောတွေကို ခုခံဖို့ စစ်သည်ရဲမက်ထောင်ချီ စောင့်ဆိုင်းနေခဲ့ပေမယ့် မခုခံရဆိုတဲ့ အမိန့်ကြောင့် လက်နက်ချခဲ့ရတဲ့ ခံတပ်ပါ။
ဒီခံတပ်ကို မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ် ဒီဇင်ဘာမှာ စတည်ဆောက်ခဲ့ပြီး ၄ နှစ်ကျော်ကြာ ဆောက်ရတာကြောင့် သီပေါမင်းလက်ထက် ၁၈၇၉ ခုနှစ် ဇန်နဝါရီမှာမှ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ထဲမှာရှိပြီး စစ်ကိုင်းတံတား (အင်းဝတံတား) အစွန်ဘေးဘက်မှာ ရှိပြီး ခံတပ်ရဲ့ မြောက်ဘက်ခြမ်းကတော့ တံတားချဉ်းကပ်လမ်းဖို့ မြေအောက်ကို ရောက်သွားတယ်လို့ ရှေးဟောင်းသုတေသနဌာနက ဆိုပါတယ်။
ဒီခံတပ်နဲ့ တဖက်ကမ်းတည်း ၂ မိုင်ကျော် အင်းဝမြို့ဟောင်းမှာ ဆင်ကျုံးခံတပ်၊ ၁ မိုင်ကျော် စစ်ကိုင်းဘက်ခြမ်းမှာ အစေခံ ခံတပ်တို့ ရှိနေပြီး သပြေတန်းခံတပ်ကတော့ အကြီးဆုံးပဲ ဖြစ်ပါတယ်။
ခံတပ်က မြေအောက်ကို တူးပြီး ဆောက်ထားတဲ့ပုံစံဖြစ်ပြီး အရှေ့-အနောက် ပေ ၄၀၀ ကျော်၊ တောင်-မြောက် ပေ ၃၅၀ ကျော် ကျယ်ပါတယ်။
ပတ်လည်မှာ အင်္ဂတေနဲ့ လိုဏ်တွေ ဆောက်ထားပြီး ရဲမက်ခန်း၊ ရိက္ခာခန်း၊ လက်နက်တိုက်၊ ဆင်ဝင်လမ်း စတာတွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။ ခံတပ်ရဲ့အလယ်မှာ သစ်ပင်ကြီးတွေ ရှိနေပြီး ရေတွင်းတတွင်းလည်း ရှိပါတယ်။
တခန်းနဲ့ တခန်း ကူးသွားလို့ရအောင်လည်း အခန်းနံရံမှာ အပေါက်တွေ ဖောက်လုပ်ထားပါသေးတယ်။ အခန်းနံရံတချို့မှာတော့ လာရောက်လည်ပတ်သူတွေက မီးသွေးတွေ၊ အုတ်ခဲတွေနဲ့ ရောက်တတ်ရာရာ စာတွေ ရေးထားကြသလို တချို့နေရာတွေမှာတော့ စားသောက်စရာထည့်တဲ့ ဖော့ဘူးတွေ၊ အိတ်တွေ၊ အမှိုက်တွေ ရှိနေပါတယ်။
အပေါ်ဘက် မြေပြင်ပေါ်မှာ ရှေးခေတ်သုံး အမြောက်တွေကို ပြသထားပြီး အောက်ဘက် ဆင်ဝင်လိုဏ်ထဲမှာတော့ ဧရာမ ကျွန်းလုံးလှေကြီးတစင်းရှိနေပါတယ်။ ဒီလှေကို ၁၉၇၉ ခုနှစ်မှာ စစ်ကိုင်းဘက်ကနေ ရွှံ့နွံတွေထဲမှာ မြုပ်နေရာက တွေ့ခဲ့ပြီးနောက် ဒီကို သယ်ယူပြသထားတာ ဖြစ်ပြီး ခံတပ်နဲ့ ပတ်သက်နေတာတော့ မဟုတ်ပါဘူး။
၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှာ အရှေ့ဝင်းတော်မှူး၊ ရတနာသိင်္ဃမြို့ဝန်၊ ရဲဘက်မြင်းဝန် သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာ ဦးစီးတဲ့ စစ်သည် ၂,၀၀၀ ကျော်ဟာ ဒီခံတပ်မှာ တပ်စွဲထားပြီး ဆန်တက်လာမယ့် နယ်ချဲ့တွေကို ခုခံဖို့ အသင့်ရှိနေခဲ့ပေမယ့် မခုခံရဆိုတဲ့ လွှတ်တော်က အမိန့်တော်ကြောင့် မြန်မာသက္ကရာဇ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မေဂျာဂျင်နရယ် အိပ်ချ်အင်န်ဒီပရင်တာဂတ်စ် ဦးစီးတဲ့ ဗြိတိသျှတပ်ပေါင်းစုဟာ မတိုက်ခိုက်ရဘဲနဲ့ ဒီခံတပ်ကို ရသွားခဲ့ပါတယ်။
ခံတပ်ကို တည်ဆောက်ခဲ့တာ နှစ် ၁၄၀ ကျော်ခဲ့ပြီဖြစ်လို့ ဟောင်းနွမ်းနေပြီလို့ ဆိုနိုင်ပေမယ့် ပြင်ဆင်ထိန်းသိမ်းထားတာကြောင့် ကြီးကြီးမားမား ပျက်စီးတာမရှိဘဲ ခန့်ခန့်ထည်ထည် ရှိနေတုန်း ဖြစ်ပါတယ်။
3 years Ago
© Copyright 2021 DVB Designed and Developed by
Digit X Myanmar
.
Up