သပိတ်တိုက်ပွဲ

February 9, 2021

မသန်စွမ်းသူများ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တိုက်ပွဲစတင်

စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြပွဲမှာ  မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းက သမိုင်းလမ်းဆုံမှာ လူစုပြီး စတင်ပါဝင်လာကြပါတယ်။

ဒီမိုကရေစီအရေးအတွက် မသန်စွမ်းသူတွေ စုစည်းအားဖြည့်တာလို့ အမြင်အာရုံချို့တဲ့သူ ကိုဇော်လင်းထွန်းက ပြောပါတယ်။

စစ်အာဏာရှင်က ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် မသန်စွမ်းသူတွေက မူလအစီအစဥ်အတိုင်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မရမ်းကုန်းမြို့နယ်က ပညာရေးဝန်ထမ်းတွေကလည်း မသန်စွမ်းတွေနဲ့ပူးပေါင်းပြီး သပိတ်မှာပါဝင်ခဲ့ပါတယ်။ 

သတင်း ဓာတ်ပုံ ဇေယျာချမ်းအေး/ နေလင်းအောင်

10 months Ago

February 8, 2021

Up