သပိတ်စခန်း

January 31, 2021

ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်း ဦးဆောင်ပါဝင်ခဲ့သည့် ဆရာတော် ပျံလွန်တော်မူ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းမှာ ဦးဆောင်ပါဝင်ပြီး သပိတ်ဖြိုခွင်းရာမှာ မီးလောင်ဒဏ်ရာ အများဆုံးရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏ မနေ့ညပိုင်းက ပျံလွန်တော်မူသွားပါတယ်။

သက်တော် ၇၂ နှစ်အရွယ် ဆရာတော်ဟာ ည ၉ နာရီခွဲကျော်က နေအိမ်မှာ ပျံလွန်သွားတာလို့ သူ့ရဲ့ သားဖြစ်သူ ဒေါက်တာနေသူရိန်က ပြောပါတယ်။

“တင်ပါးဆုံရိုး အစားထိုးထားရတော့ အိပ်ရာထဲ ပက်လက်ဖြစ်သွားတာ တနှစ်ကျော်ပြီ။ လက်ပံတောင်းနဲ့ ကိစ္စမှာလည်း ၃ နှစ်လောက် အိပ်ရာထဲနေခဲ့ရတော့ ကြွက်သားတွေ အားပျော့သွားတာပေါ့။ နဂိုကတော့ တောရကျောင်းမှာပဲနေတာပါ။ လဲကျပြီး တင်ပါးဆုံရိုး လဲရပြီးနောက်ပိုင်း အိမ်မှာနေတာ ၁ နှစ်ကျော်ပါပြီ” လို့ ပြောပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ နေ့လယ် ၁ နာရီက အေးရိပ်ငြိမ်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး မနက်ဖြန် ချင်းတွင်းမြစ်ထဲမှာ အရိုးပြာမျှောမယ်လို့ ဆိုပါတယ်။

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၂၀၁၂ ခုနှစ်က သံဃာတော်တွေ သပိတ်စခန်းဖွင့် တောင်းဆိုတာကို သက်ဆိုင်ရာက ဖြိုခွင်းရာမှာ သံဃာတော် အပါး ၃၀ ကျော် မီးလောင်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ဆရာတော်ဦးတိက္ခဉာဏဟာ အများဆုံး မီးသင့်ခံခဲ့ရတာပါ။

“ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်းကျော် မီးလောင်ဒဏ်ခံရတယ်။ ထိုင်းနိုင်ငံမှာ ၃ လလောက် ဆေးကုသခဲ့ရသလို သီတဂူဆေးရုံမှာလည်း ၃ နှစ်ကျော် ကုသခဲ့ရတာပါ။ သူ နေမကောင်းဖြစ်နေချိန်မှာ လူ့ဘဝမှာ နေခဲ့ရတာကို ကျေနပ်ပါတယ်လို့ ပြောပါတယ်” လို့ ဒေါက်တာ နေသူရိန်က ပြောပါတယ်။

ဓာတ်ပုံ - နေသုခ

3 months Ago

October 15, 2020

ထိုင်းတွင် အရေးပေါ်အမိန့်ထုတ်ပြန်ပြီး သပိတ်စခန်းကို ရဲတပ်ဖွဲ့ စီးနင်း

ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲတွေ အရှိန်ပြင်းလာချိန်မှာ အတိမ်းအစောင်း မခံတဲ့သတင်းတွေ ထုတ်လွှင့်မှုနဲ့ လူစုလူဝေး လုပ်တာကို တားမြစ်ပိတ်ပင်တဲ့ အရေးပေါ်အမိန့် ထုတ်ပြန်ပြီးနောက် အဓိကရုဏ်း နှိမ်နင်းရေးရဲတွေဟာ ဝန်ကြီးချုပ်ရုံးအပြင်က ထောင်ချီတဲ့ ဆန္ဒပြသူတွေကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ ရှင်းလင်းနေပါတယ်။  ဘန်ကောက်မြို့တော်ရဲ့ လမ်းတွေ ပေါ်မှာ ထောင်သောင်းချီတဲ့ လူတွေ ၃ လကြာ ဆက်တိုက်ဆန္ဒပြပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ရာထူးက နုတ်ထွက်ရေးနဲ့ အခြေခံ ဥပဒေသစ် ရေးဆွဲရေးကို တောင်းဆို ဆန္ဒပြနေကြတာပါ။ အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီကစတင်တဲ့ အရေးပေါ်အမိန့် ဒီကရီ အသက်ဝင်ဝင်ချင်း အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ဝတ်စုံပြည့်နဲ့ ရောက်လာပြီး အစိုးရအိမ်တော်အပြင်ဘက်မှာ သပိတ်စခန်း ဖွင့်ထားတဲ့ ဆန္ဒပြသူတွေကို စီးနင်း ခဲ့ပါတယ်။ အရုဏ်တက်ချိန်မှာတော့ ရာချီတဲ့ ရဲတွေက ရုံးနားက လမ်းတွေကို စီးနင်းခဲ့ပြီး စည်ပင် လုပ်သားတွေက သန့်ရှင်းရေး စလုပ်ခဲ့ပါတယ်။  ဆန္ဒပြခေါင်းဆောင် ၃ ယောက်ထက် မနည်း အဖမ်းခံရတယ်လို့ ထိုင်းလူ့အခွင့်အရေး ရှေ့နေတွေက ပြောပေမဲ့ ရဲတွေက မှတ်ချက် မပေးခဲ့ပါဘူး။  ဘုရင်နဲ့ မိဘုရားတို့ရဲ့ ယာဉ်တန်းတွေကို သီးခြားစီ နှောင့်ယှက်ခံရအပြီး အရေးပေါ်အခြေအနေ အမိန့် ထုတ်တာလို့ အစိုးရက ပြောပါတယ်။  အရေးပေါ် ဒီဂရီဟာ လူ ငါးယောက်ထက် ပိုပြီး စုဝေးတာ၊ သတ်မှတ်နေရာတွေကို လူတွေ ဝင် ရောက်တာကို တားမြစ်ပိတ်ပင် ထားပါတယ်။
7 months Ago
More News
Up