၂၀၁၉ နှစ်ကုန်ပိုင်းမှာ ကမ္ဘာတဝှမ်း နေ့ရပ်စွန့်ခွာသူပေါင်း သန်း ၈၀ နီးပါးနဲ့ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဇွန်လ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒီအရေအတွက်ဟာ အရင်နှစ်ကထက် လူ ၉ သန်း ပိုများလာပြီး ၂၀၁၀ နေရပ်စွန့်ခွာ အရေ အတွက် ၄၁ သန်းရဲ့ နှစ်ဆနီးပါး ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ပြောဆိုပါတယ်။
၇၉ ဒသမ ၅ သန်းသော ဒုက္ခသည်တွေနဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေရဲ့စာရင်းမှာ ဆီးရီးယား၊ ဗင်နီဇွဲလား၊ အာဖဂန်၊ တောင်ဆူဒန်နဲ့မြန်မာပြည်က နေရပ်စွန့်ခွာသူတွေဟာ ထိပ်ဆုံးမှာ ပါဝင်နေတယ်လို့ Global Trends ဆိုတဲ့ နှစ်စဉ် အစီရင်ခံစာက ဆိုပါတယ်။
ဒီလို နေရပ်စွန့်ခွာသူ အရေအတွက် စံချိန်တင် မြင့်တက်လာတာက အင်မတန် စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောဆိုပါတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေရဲ့ ၇၃ ရာခိုင်နှုန်းဟာ အနောက်နိုင်ငံတွေဆီ အုံနဲ့ကျင်းနဲ့ သွားရောက်တယ်ဆိုတဲ့ အယူအဆနဲ့ ဆန့်ကျင်ကာ သူတို့ရဲ့အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံ တယ်လို့ ဂရန်ဒီက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
8 months Ago