သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး

February 17, 2021

လူပင်လယ်ဖြစ်သွားတဲ့ ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲ

စစ်အာဏာသိမ်းမှု ၁၇ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ  “သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး” ဆိုတဲ့ လူထု လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်ကောင်မှာ ပြုလုပ်ခဲ့ပါတယ်။  

ဆူးလေဘုရားလမ်းတလျှောက်နဲ့ အနီးတဝိုက်မှာ CDM လှုပ်ရှားမှုမှာပါတဲ့ ဝန်ထမ်းတွေ ၊ အရပ်ဘက်အဖွဲ့တွေ၊ အနုပညာရှင်တွေ၊ သတင်းထောက်တွေပါ ပြည်သူလူထုနဲ့ အတူ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။

လူပင်လယ်ဖြစ်သွားတဲ့ ရန်ကုန်မြို့လယ်ဆန္ဒပြပွဲအတွင်း အရင်ရက်တွေလို လူငယ်အများစုပါဝင်တာလည်း တွေ့ရသလို အနုပညာရှင်တွေနဲ့ လူငယ်တချို့ကတော့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါသေးတယ်။

ဒီနေ့ မြို့နယ်အသီးသီးက  ချီတက်ထွက်ခွာကြတဲ့သပိတ်စစ်ကြောင်းတွေကတော့ ရန်ကုန်မြို့လယ်ဆူးလေဘုရားလမ်းဘက်ကို စုဝေးရောက်ရှိလာပြီး ထိုင်သပိတ် ဆင်နွှဲကြသလို လမ်းလျှောက်ချီတက်ကြတာတွေလည်း ရှိပါတယ်။

9 months Ago
Up