သန်လျင်

March 30, 2021

သန်လျင်တွင် အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်နေ၊ လူနေအိမ်ထဲအထိ ကျည်ဆန်ထိမှန်

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ (ရွာသစ်ပိုင်း)မှာ အကြမ်းဖက်စစ်အုပ်စုက မတ်လ ၃၀ ဒီနေ့ မနက် ၁၀ နာရီလောက်စတင်ပြီး  သေနတ်ကျည်အစစ်တွေနဲ့ ပစ်ခတ်တဲ့အတွက် လူနေအိမ်တွေကို ကျည်ဆန်ထိမှန်ပြီး ပျက်ဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အချက်ပေါင်းများစွာ ပစ်နေပါတယ်။ အိမ်တချို့လည်း ပြောင်းပြေးနေရပါတယ်။ ရပ်ကွက် အဝင်အထွက်ပေါက်တွေ အကုန်ပိတ်ထားပါတယ်။ စစ်သားအင်အား များပါတယ်။ ကင်းပုံးတွေလည်း ချထားပါတယ်”လို့ ပြောပါတယ်။

ရပ်ကွက်ထဲက အိမ်တွေထဲဝင်ပြီး ဖမ်းဆီးတာတွေရှိနေပြီး အဖမ်းခံရသူတချို့လည်း ရှိပါတယ်။

မတ်လ ၂၉ ရက်နေ့ကလည်း  အကြမ်းဖက်စစ်တပ်က ရပ်ကွက်တွေထဲ အထိဝင်ပစ်ခတ်လို့ ဘုရားစေတီတွေ ကျည်သင့်ခဲ့သလို ပြည်သူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

8 months Ago

November 2, 2020

သန်လျင် သဘာဝတရားရိပ်သာ၌ ၃ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၀ ကျော်ရှိလာ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သဘာဝတရားရိပ်သာမှာ  ၃ ရက်အတွင်း ကိုဗစ်-၁၉ ရှိမရှိ လူဦးရေ ၁၂၀၀ ကျော်ကို စစ်ဆေးရာမှာ သံဃာ၊ သီလရှင် နဲ့ ဘိုးဘွားတွေအပါအဝင် ၂၆၀ ကျော်မှာ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။ သဘာဝတရားရိပ်သာက သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာကြောင့် ရိပ်သာက လူ ၁၂၀၀ ကျော်ကို  စစ်ဆေးခဲ့တာပါ။ အဲဒီပိုးတွေ့လူနာတွေထဲမှာ သံဃာ ၁၅ ပါး၊ သီလရှင် ၁၆ ပါးနဲ့ ဘိုးဘွား လူနာတွေ ပါဝင်တယ်လို့ ဆရာလေး စာဂဝတီက မိန့်ပါတယ်။ သဘာဝတရားရိပ်သာမှာ လူဦးရေ ၄၀၀၀ ကျော်ရှိပြီး လက်ရှိမှာ ၁၂၀၀ ကျော်ကို စစ်ဆေးပြီးဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက်စစ်ဆေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ပိုးတွေ့လူနာတွေကို ကိုဗစ်ကုသရေးစင်တာနဲ့ မြို့နယ်ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက ပြောပါတယ်။ သဘာဝတရားရိပ်သာက အဆောင်တွေကိုလည်း လော့ဒေါင်းချထားတာတွေ ဆောင်ရွက်နေသလို ရိပ်သာစားသောက်ရေးအတွက် အပြင်ထွက် ဆောင်ရွက်ရမယ့်သူတွေကို ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ပိုးမတွေ့တဲ့သူတွေကိုလည်း သီးသန့်အဆောင်တွေမှာ ထားတယ်လို့‌ ပြောပါတယ်။  ဒါ့အပြင် ရိပ်သာကို အပြင်လူဝင်ထွက်တာ တားမြစ်ထားပြီး အလှူရှင်တွေ လှူဒါန်းတာကိုလည်း ပြင်ပအလှူခံဌာနကိုပဲ တိုက်ရိုက်လှူနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ခင်ငြိမ်းချမ်း
1 year Ago
More News
Up