ဒီကနေ့ ၂၀၁၇ ခု နှစ်ဦးဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၇ နာရီ ၃၀ မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ရန်ကုန်တက္ကသိုလ်ပင်မ ဝင်းအတွင်းမှာ အမှိုက်တွေလှည်းပြီး သန့်ရှင်းရေးလုပ်ခဲ့ကြပါတယ်။
မနေ့ညက ကျင်းပတဲ့ Myanmar Countdown 2017 ပွဲကြီးမှာလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားပေးခဲ့ပါတယ်။
အဲဒီ နှုတ်ခွန်းဆက်စကားမှာ ဦးဖြိုးမင်းသိန်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ မှာကြားချင်ကြောင်း ကျနော်တို့ မြန်မာနိုင်ငံကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ်နဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ ဝိုင်းဝန်းကြိုးပမ်းရမယ့်ကာလဖြစ်ကြောင်း၊ သည်ကာလမှာ ကျနော်တို့အားလုံးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ် ဖြတ်သန်းကြပါစို့လို့ ပြောကြားခဲ့ပါတယ်။
6 years Ago