သန့်ရှင်းရေးဝန်ထမ်း

December 19, 2016

လမ်းမပေါ် စည်းကမ်းမဲ့ရပ်သည့်ယာဉ်ကို အရေးယူနိုင်ရန် ပညာပေးခဲ့သည့် သန့်ရှင်းရေးဝန်ထမ်း (ရုပ်သံ)

တရုတ်နိုင်ငံမှ လမ်းသန့်ရှင်းရေးဝန်ထမ်း အမျိုးသားတဦးဟာ လမ်းမပေါ်မှာ စည်းကမ်းမဲ့ ရပ်နားထားတဲ့ ကားတွေကို အရေးယူနိုင်ဖို့ သူ့ရဲ့ကားကို အသုံးပြုပြီး သရုပ်ပြခဲ့ပါတယ်။ ဒီသရုပ်ပြမှုကို စီစီတီဗွီသတင်းဌာနကတော့ လမ်းစည်းကမ်းဆိုင်ရာ တရားမျှတမှုလို့ ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံ မြို့ပြနေရာအနှံ့အပြား လူသူရှုပ်ထွေးတဲ့ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ ရပ်နားထားတဲ့ ကားတွေကို ရည်ရွယ်ပြီး ခုလိုပြုလုပ်လိုက်တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသားဟာ သူ့ရဲ့ကားကို အသုံးပြုပြီး သရုပ်ပြခဲ့တာပါ။ စည်းကမ်းမဲ့ရပ်နားထားတဲ့ကားကို အမှိုက်ပုံးတွေနဲ့ တဆင့်ပြီးတဆင့် ပိတ်ဆို့ကာ သရုပ်ပြသနေခဲ့တာကို တွေ့ရပါတယ်။ လူသိများထင်ရှားတဲ့ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေ အပြင်ဘက်မှာ စည်းကမ်းမဲ့ ရပ်နားထားရတဲ့ ကားတွေကြောင့် လူတွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ တခြားပြဿနာတွေကို ရင်ဆိုင်နေကြရတာပါ။ တရုတ်နိုင်ငံမှာ လက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေတာတောင် နှစ်စဉ် ကားပိုင်ဆိုင်မှုဟာ ၁၀ ရာခိုင်နှုန်းလောက် မြင့်တက်နေခဲ့တာဖြစ်တယ်လို့ သတင်းကဆိုပါတယ်။ ဒီသရုပ်ပြမှုကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးနိုင်မလဲဆိုတဲ့ အဖြေတခုခုကို ပေးနိုင်ပါလိမ့်မယ်။
5 years Ago
Up