သန္ဓေသား

A d v e r t i s e m e n t With Us

January 21, 2021

ထိုင်းနိုင်ငံ၌ သီတင်း ၁၂ ပတ်ထက်အောက် သန္ဓေသား ဖျက်ချခွင့်ပြုရန် လွှတ်တော် သဘောတူ 

ထိုင်းနိုင်ငံမှာ သီတင်း ၁၂ ပတ်ထက်မပိုတဲ့ သက်နုသန္ဓေသားတွေကို ဥပဒေအရဖျက်ချခွင့်ပြုဖို့ လွှတ်တော်က သဘောတူခဲ့ကြကြောင်း ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  အရွယ်မရောက်သူတွေ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းမှ ကာကွယ်တဲ့အနေနဲ့ရော အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်နဲ့ သန္ဓေသားဆိုင်ရာလွတ်လပ်မှုတွေနဲ့ လိုက်လျောညီထွေရှိစေဖို့ မနေ့က ကျင်းပသွားတဲ့ လွှတ်တော်အစည်းအဝေးမှာ မဲခွဲပြီး ၁၂ ပတ်ထပ်မပိုတဲ့သန္ဓေသားကို ဥပဒေနဲ့အညီ  ဖျက်ချခွင့်ပြုဖို့ သဘောတူခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  ဒါပေမဲ့ အဆိုပါ သန္ဓေသားဖျက်ချမှုဟာ အောက်ပါအကြောင်းပြချက် ၅ ချက်ထဲ အကြုံးဝင်ရမှာဖြစ်ပြီး လိုင်စင်ရဆေးဘက်ဆိုင်ရာဆရာဝန်တွေနဲ့သာ ဖျက်ချရမယ်လို့ ဆိုပါတယ်။  အချက်၅ ချက်ကတော့ သန္ဓေသားဟာ မိခင်ရဲ့ကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေတာ၊ သန္ဓေသားဟာ မွေးဖွားလာပါက ဆိုးရွာတဲ့ ခန္ဓာကိုယ်ချို့ယွင်းမှုဖြစ်နိုင်တာ ၊ ကာယကံရှင်အမျိုးသမီးက  ကာမမှားယွင်းမှု ကြောင့်သာရခဲ့‌တဲ့ သန္ဓေသားလို့ ဝန်ခံတာ၊  ၁၂ ပတ်ရှိ သန္ဓေသားကို ကာယကံရှင်က ဆက်လက်ယူဆောင်နိုင်သောအခြေအနေမရှိတာ၊ အနည်းဆုံး ၁၂ ပတ်သက်တမ်းရှိပြီး အများဆုံး ၁၂ ပတ်ထက်မရင့်တဲ့ သန္ဓေတွေမှာ ကာယကံရှင်က လိုင်စင်ရဆေးဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး ဆရာဝန်က ဥပဒေနဲ့ ကိုက်ညီမှုရှိမရှိစစ်ဆေးပြီးမှ ဖျက်သင့်တယ်လို့ ထောက်ခံတာ  စတဲ့အချက်တွေနဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။  အဆိုပါအချက်တွေနဲ့ မကိုက်ညီဘဲ မိမိဖာသာ ပြင်ပမှာ ကိုယ်ဝန်ဖျက်ချတယ်ဆိုရင် မူလက ထောင်ဒဏ် ၃ လထက်မပို ၊ ငွေဒဏ် ဘတ် ၁၀၀၀၀ ထက်မပို လို့ ချမှတ်ထားရာမှာ ထောင်ဒဏ် ၆ လထက်မပို ငွေဒဏ် ဘတ် ၁၀၀၀၀ ထက်မပို ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံးကျခံမယ့် ဥပဒေကိုပါ ပြင်ဆင်ဖို့ သဘောတူခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ကိုးကား- ချင်းမိုင်နယူးစ် / ခုမ်းချတ်လိုတ်သတင်း 
1 month Ago
Up