သနပ်ခါးမဏ္ဍပ်

April 6, 2019

ပျဉ်းမနား လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍပ် ထည့်သွင်းကျင်းပမည်

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ်မြောက် လမ်းလျှောက်သင်္ကြန်မှာ မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍပ် ထည့်သွင်းကျင်းပသွားမယ်လို့ လမ်းလျှောက်သင်္ကြန် ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။ “ဒီနှစ်လည်း လမ်းလျှောက်သင်္ကြန် ဆက်ကျင်းပသွားမှာပါ။ ဒီနှစ်ကတော့ ထူးခြားမှုအနေနဲ့ မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍပ်ထည့်သွင်းမယ်။ ရေလာကစားတဲ့သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားလို့ ရအောင်ရော၊ လုံခြုံရေးအပိုင်းတွေကိုရော တာဝန်ရှိသူတွေဆီက တောင်းခံထားပါတယ်” လို့ ဖြစ်မြောက်ရေးကော်မတီက ဦးသိန်းသန်းဦးက ပြောပါတယ်။ အဲ့ဒီလမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနားမြို့ရဲ့ ရှမ်းကန် မြောက်ဘက် ဗိုလ်ထောက်ထိန်လမ်းနဲ့ ရှမ်းကန်အရှေ့ဘက် ဗိုလ်တာရာလမ်းပေါ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်၊ ၃၀၀ တောင်းခံထားတယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာဆိုရင် ပျဉ်းမနားတောင်ညိုလမ်းမပေါ်က မြို့တော်ဝင်မဏ္ဍပ်၊ ရာဇသင်္ဂဟ လမ်းမပေါ်က Sky Net မဏ္ဍပ်၊ ရွာတော်ဘူတာနားနဲ့ ဇေယျာသီရိကုန်တိုက်တွေနားက တပ်မဏ္ဍပ်တွေမှာ တေးသံရှင်တွေ၊ အနုပညာရှင်တွေ၊ ယိမ်းအကအလှအပတွေ သီဆိုဖျော်ဖြေကြတာကို နှစ်စဉ်တွေ့ရှိရပါတယ်။ လက်ရှိမှာတော့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ ပုဂ္ဂလိကအနေနဲ့ မဏ္ဍပ်တည်ဆောက်ခွင့်တောင်းခံတဲ့ မဏ္ဍပ်ကြီးဆိုလို့ Sky Net တခုပဲ ရှိသေးတယ်လို့ သိရပါတယ်။
3 years Ago
Up