သထုံ ဘုရားဖူးကားမှောက်၊ ၉ ဦး သေဆုံး

April 13, 2016

သထုံ ဘုရားဖူးကားမှောက်၊ ၉ ဦး သေဆုံး

သင်္ကြန်အကြို ဧပြီ ၁၂ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နားမှာ ဘုရားဖူးကားတစီးမှောက်ပြီး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ  ယာဉ်အမှတ် YGN/5830 အဖြူရောင် CANTER အမျိုးအစား ဘုရာဖူးကားဟာ တံတားဘောင်ကိုတိုက်မိပြီး ချောက်ထဲထိုးကျသွားခဲ့တာပါ။ ကားပေါ်ပါသူ ၉ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးကို ကိုးကားပြီး ပြန်ကြားရေး အင်တာနက်သတင်းမှာ ဖော်ပြပါတယ်။ သထုံမြို့နယ်ရဲတပ်ဖွဲ့က စခန်းမှူး  ဒုရဲမှူးထွန်းသိန်းက "တံတားဘောင်ကို အရှိန်နဲ့တိုက်မိပြီး လမ်းဘေးထိုးကျသွားတာ။ ၆ ယောက်ကတော့ နေရာတင် သေတယ်၊ ကျန်သူတွေကို သထုံဆေးရုံပို့တော့ လမ်းမှာတင် ၁ ဦးဆုံးပြီး ဆေးရုံမှာ ၂ ဦး ထပ်ဆုံးတယ်။ ပေါင်း ၉ ဦးရှိပြီ။ ကျန်သူ ၁၁ ဦးကလည်း ဒဏ်ရာပြင်းတော့ အရေးပေါ်ကားနဲ့ ရန်ကုန်ကို တင်သွားကြပြီ"လို့ ပြောပါတယ်။ သထုံဘက်ကနေ ရန်ကုန်ဘက်အပြန်လမ်းမှာ ကားမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူဟာ ရန်ကုန်၊ မြောက်ဥက္ကလာပမှာ နေထိုင်သူပြီး ကားကလည်း ရန်ကုန်ကဖြစ်ပါတယ်။ သေဆုံးသူ ဘုရားဖူးတွေက ဘယ်ဒေသက ဆိုတာကိုတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ 12973138_870366229757911_5908666000179768425_o 12961298_870366236424577_151449745074741565_o 12977075_870366233091244_3579890384702796551_o
6 years Ago
Up