သတ်သေမှု

September 18, 2021

ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဂျပန်အမျိုးသားတဦး ၁၁ လွှာအမြင့်မှ ခုန်ချသတ်သေ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရထားရတဲ့ ဂျပန်နိုင်ငံသား အမျိုးသားတယောက် ၁၁ လွှာအမြင့် ကွန်ဒိုမီနီယံပေါ်က ခုန်ချသတ်သေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ မြို့တော် ဘန်ကောက်ရဲ့ ၁၇ လွှာအမြင့်ရှိတဲ့ ကွန်ဒိုမီနီယံတခုမှာ စက်တင်ဘာ ၁၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းပေးချက်အရ ခလောင်တန် ရဲစခန်းက တာဝန်ရှိသူတွေ ရောက်ရှိချိန်မှာတော့ အဆိုပါ အမျိုးသားရဲ့အလောင်းကို ကွန်ဒိုရှေ့ ဥယျာဉ်အနီးမှာ တွေ့ရှိခဲ့ကြတာပါ။

သေဆုံးသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ အမည်ကိုတော့ ယုကီလို့ ဖော်ပြထားပြီး ညာဘက်လက်ကျိုးသွားခဲ့ကာ ပြုတ်ကျတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်လည်း ပုံပျက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူကို Swab Test ယူ စစ်ဆေးချိန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါအမျိုးသားဟာ ၁၁ လွှာအခန်းမှာ တယောက်တည်း နေထိုင်သူဖြစ်ပြီး အခန်းအတွင်းထဲကနေ လော့ခ်ချထားခဲ့တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းတွေကတော့ သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း သိရတာမို့ ခုလို သေကြောင်း ကြံစည်ခဲ့တာလို့ ပြောပါတယ်။

လတ်တလောမှာတော့ သေဆုံးသူရုပ်အလောင်းကို ချူလာလောင်ကွန်ဆေးရုံ ပို့ဆောင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

4 months Ago

November 20, 2019

ဂျက်ဖရီ အဲ့ပ်စတိန်း သတ်သေမှုဖြင့် နယူးယောက်ခ် ထောင်အရာရှိ ၂ ဦးကို အရေးယူ 

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့က ထောင်ထဲမှာ ဂျက်ဖရီ အဲ့ပ်စတိန်း သူ့ကိုယ်သူ သတ်သေသွားတဲ့ညက စောင့်ကြပ်ဖို့ တာဝန်ကျတဲ့ အကျဉ်းဦးစီး အရာရှိ နှစ်ယောက်ကို တာဝန် ပျက်ကွက်မှုနဲ့ ထိန်းသိမ်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိရှိသူ တယောက်ကို ကိုးကားပြီး နယူးယောက် တိုင်းမ်စ် သတင်းစာက နိုဝင်ဘာ ၁၉ ရက်မှာ ရေးသားဖော်ပြထားတာပါ။ ထောင်အရာရှိ နှစ်ယောက်ကို  တရားစွဲဖို့ မျှော်လင့်ထားပါတယ်။ ငွေရှင်တွေနဲ့ အဆက်အသွယ်ကောင်းရှိသူ သူကြွယ်ကြီးလည်း ဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် အဲ့ပ်စတိန်းကို ပြီးခဲ့တဲ့ သြဂုတ်လက နယူးယောက်ခ်မြို့တော် အကျဉ်းစခန်းထဲက သူ့အခန်းထဲမှာ သေဆုံးလျက်သား တွေ့ခဲ့တာပါ။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း အသက် ၁၄ နှစ်ထိ ငယ်တဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို  ကုန်ကူးမှု စွဲချက်နဲ့ အဲ့ပ်စတိန်းကို ဖမ်းဆီးခဲ့ပြီး တလအကြာမှာ သူ့ကိုယ်သူ သတ်သေခဲ့တာပါ။ သူကတော့ စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ငြင်းခဲ့ပါတယ်။
2 years Ago
Up