သတ်သေ

February 20, 2020

သြစတြေးလျတွင် မိသားစုကို ဓာတ်ဆီလောင်းမီးရှို့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

သြစတြေးလျအမျိုးသားတယောက်ဟာ မိသားစုကို ဓာတ်ဆီလောင်း မီးရှို့ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ဖြစ်ရပ်တခု ဖေဖော်ဝါရီ ၁၉ ရက်က ဘရစ္စဘိန်းမြို့မှာ ဖြစ်ခဲ့ပါတယ်။  ရက်ဘီကစားသမားဟောင်းဖြစ်သူ ရိုဝမ် ဘတ်စ်တာဟာ ကိုယ်တိုင်ထိုးသွင်းတဲ့ ဓားဒဏ်ရာနဲ့ မိသားစုကားအနီး လူသွားလမ်းတခု သေဆုံးနေတယ်လို့ ကွင်းစလန်းရဲ တပ်ဖွဲ့က ပြောပါတယ်။  ကားထဲမှာတော့ သူ့ကလေး  ၃ ယောက်ဟာ မီးလောင်သေဆုံးနေပါတယ်။ ဒီဖြစ်ရပ်အတွင်း ဘတ်စ်တာနဲ့ ကွဲနေတဲ့ ဇနီးသည်  ဟန်နာဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရခဲ့ပြီး တော်ဝင် ဘရစ္စဘိန်း အမျိုးသမီးဆေးရုံမှာ ညတွင်းချင်း  သေဆုံးခဲ့ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုလို့ သံသယရှိတဲ့ ဒီဖြစ်ရပ်ဟာ ကြောက်မက်ဖွယ်ကောင်း တယ်လို့ ရဲတပ်ဖွဲ့ကပြောခဲ့သလို အခင်းနေရာဟာလည်း အတော်ထိတ်လန့်ဖွယ်ကောင်း တယ်လို့ ကွင်းစလန်လူနာတင်ယာဉ်ဝန်ဆောင်မှု အရာရှိကပြောခဲ့ပါတယ်။   
1 year Ago
Up