သတ်နေ

November 1, 2020

ပွဲကျပ်နေတာက ကစားသမားတွေကို သတ်နေသလိုဖြစ်နေတယ် - ပီအက်စ်ဂျီနည်းပြ

ပွဲစဉ်ဇယားကျပ်နေတာက ကစားသမားတွေကို သတ်နေသလိုဖြစ်နေကြောင်း ပီအက်စ်ဂျီ နည်းပြ တူချယ်က ပြောပါတယ်။  ပီအက်စ်ဂျီအသင်းဟာ အောက်တိုဘာ ၁၇ ရက်ကနေ စတင်ပြီး နိုဝင်ဘာ ၁ ရက်အထိ စုစုပေါင်း ၁၆ ရက်အတွင်းမှာ ၅ ပွဲအထိ ကစားခဲ့ရတာဖြစ်ပါတယ်။  ပွဲစဉ်ဇယားကျပ်နေတာက ကစားသမားတွေကို သတ်နေသလိုဖြစ်နေပြီး ပြင်ဆင်မှု၊ ခြေစွမ်းနဲ့ အနားယူမှုတွေက အရေးပါတဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ တူချယ်က နန့်တက်စ်နဲ့ လီဂူးဝမ်းပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။  ဒီကြားထဲမှာ နိုင်ငံတကာပွဲတွေလည်းရှိနေပြီး ခရီးအကွာအဝေး ရှည်လျားကြောင်း၊ ပြန် လည် သန်မာလာဖို့အတွက် အချိန်နည်းပါးကြောင်း နည်းပြတူချယ်ကပြောပါတယ်။  ပီအက်စ်ဂျီအသင်းမှာ အဓိက တိုက်စစ်ကစားသမားနေမာက ဒဏ်ရာကြောင့် အနားယူနေရပါတယ်။   ပီအက်စ်ဂျီ အသင်းဟာ နန့်တက်စ်နဲ့ ပွဲစဉ်ပြီးနောက် လိုက်ဇစ်နဲ့ ချန်ပီယံလိဂ် ၂ ကျော့ပွဲစဉ် ၂ ပွဲကစားရဖို့ ရှိသလို ရန်းနက်စ်၊ မိုနာကို၊ ဘော်ဒိုးအသင်းတွေနဲ့လည်း  ဆက်ကစားသွားရမှာဖြစ်ပါတယ်။ 
1 year Ago
Up