ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားနဲ့ မှီခိုသူသားသမီးတွေ နေထိုင်ဖို့ ဧရိယာဇုန်သတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းအမျိုးသားညီလာခံက ပြောကြောင်း အိုင်အန်အန်သတင်းမှာ ဖော်ပြပါတယ်။
ဒီကနေ့ကျင်းပတဲ့ ထိုင်းအမျိုးသားညီလာခံမှာ ရွှေ့ပြောင်းအလုပ်သမားအရေးတွေပါ ဆွေးနွေးခဲ့ကြပြီး အမျိုးသားကောင်စီဝင် နိုင်းဝမ်လုပ် တန့်ခနာနုရတ်က လက်ရှိထိုင်းနိုင်ငံမှာ တရားဥပဒေလမ်းကြောင်းကနေ ၀င်လာတဲ့ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား အမြောက်အမြားရှိပြီး သူတို့မှာ မှီခိုသူသားသမီးတွေလည်း ရှိကြောင်း၊ အဲဒီကလေးတွေ အခြေအနေမဲ့သူ သို့မဟုတ် လေလွင့်သူတွေ ဖြစ်သွားမှာ စိုးရိမ်လို့ ထိုင်းအစိုးရအနေနဲ့ ဘယ်လိုအစဉ်အစဉ်ရှိသလဲလို့ မေးမြန်းခဲ့ပါတယ်။
အဆိုပါ မေးခွန်းကို အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ၀န်ချုပ် ဆီဝိချိုင်း တိဆတကွန်းက လက်ရှိထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားပေါင်း ၁ သန်းကျော်ရှိပြီး သူတို့ရဲ့သားသမီးတွေလည်း ၃ သောင်းခန့်ရှိကြောင်း၊ အစိုးရအနေနဲ့ အဆိုပါ ကလေးတွေကိုလည်း သူတို့မိဘတွေ နေထိုင်ခွင့်ရှိတဲ့ သက်တမ်းအတိုင်းသာ နေခွင့်ပြုမှာဖြစ်ပြီး နောက်နောင်ကို အလုပ်သမားတွေအနေနဲ့ ကလေးတွေ ခေါ်မလာဖို့ ဘယ်လိုမူဝါတွေ ချမှတ်မလဲဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာအစိုးရတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေကို ပိုမိုစောင့်ရှောက်နိုင်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားဇုန်တွေ သတ်မှတ်ပေးဖို့လည်း ပြင်ဆင်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။
6 years Ago