သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းပြီး ကိုယ်လုံးတီးချွတ်ပြသည့် အမျိုးသမီးကို အမေရိကန်ရဲ ဖမ်းဆီး

A d v e r t i s e m e n t With Us

April 26, 2016

သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းပြီး ကိုယ်လုံးတီးချွတ်ပြသည့် အမျိုးသမီးကို အမေရိကန်ရဲ ဖမ်းဆီး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ လမ်းမပေါ်မှာ ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့ပြီး လူသွားလမ်းမပေါ်မှာ ကိုယ်လုံးတီး ချွတ်ပြခဲ့တဲ့ အမျိုးသမီးတဦးကို ရဲတွေက ဧပြီ ၂၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆိုင်မွန်ဂွန်ဇာလက်ဇ် အမည်ရတဲ့ အမျိုးသမီးဟာ အဲဒီနေ့ည အစောပိုင်းက ပါဆာဒီးနားမှာ နေထိုင်တဲ့ မိဘတွေနဲ့ စကားများရန်ဖြစ်ပြီး ထွက်လာခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဂွန်ဇာလက်ဇ်ဟာ မိဘတွေရဲ့ တိုက်ခန်းကို အုတ်ခဲနဲ့ ထုရိုက်ခဲ့ပြီးနောက် လမ်းမပေါ်မှာ ကားကို ၁ နာရီ မိုင် ၁၀၀ ထက်ပိုပြီး ရဲကားတွေရဲ့ ရှေ့က ဦးဆောင်မောင်းနှင်ခဲ့တာပါ။ ရဲတွေက အဲဒီကားနောက်ကို ထပ်လိုက်ခဲ့ချိန်မှာ ဂွန်ဇာလက်ဇ်ကို မြို့လယ်ခေါင် ဘားတခုရှေ့မှာ ပြန်တွေ့ခဲ့ရတာပါ။ အဲဒီအချိန်မှာပဲ ဂွန်ဇာလက်ဇ်ဟာ မြို့လယ်ခေါင်မှာ ရဲတွေကို အ၀တ်အစား ချွတ်ပြခဲ့တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့လယ်က ကလပ်တခုပြင်ပမှာ ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို ဒေသတွင်း သတင်းထောက်တဦးက ရိုက်ယူနိုင်ခဲ့တာပါ။ အဲဒီအမျိုးသမီး ဂွန်ဇာလက်ဇ်မှာ စိတ်ကျန်းမာရေးဆိုင်ရာ နောက်ခံအခြေအနေတခု ရှိနေတာ ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ သတင်းထောက်ဟာ အချိန်တလျှောက်လုံး မှတ်တမ်းတင် ရိုက်ကူးခဲ့တာဖြစ်ပြီး ဂွန်ဇာလက်ဇ်က ဗလုံးဗထွေးနဲ့ အော်ဟစ်ပြောဆိုနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူမဟာ လက်ထဲမှာလည်း ဆေးထိုးအပ်ကို ကိုင်ဆောင်ထားကာ သတင်းထောက်ကို ကျွန်ကုန်ကူးသူလို့ ဆဲဆိုခဲ့ပြီး သူ့ကိုယ်သူလည်း ရဲအရာရှိ၊ မီးသတ်သမား၊ စစ်တပ်မှ အစရှိသဖြင့် ရောက်တတ်ရာရာ ပြောဆိုအော်ဟစ်နေခဲ့တာပါ။ အဲဒီနောက် ရဲတွေက သူ့ရဲ့အနီးကို ချဉ်းကပ်ခဲ့ချိန်မှာတော့ ဂွန်ဇာလက်ဇ်ဟာ သူ့ရဲ့အ၀တ်အစားတွေကို တခုစီ ချွတ်ချခဲ့ကာ သူ့ကိုယ်သူလည်း ရဲတွေက နှိပ်စက်ခံထားရတဲ့ ဒုက္ခသည်လို့ အော်ဟစ်ပြောဆိုပြီး ဒဏ်ရာတွေကို ပြခဲ့ပါတယ်။ ဂွန်ဇာလက်ဇ်ဟာ လက်နက်ကိုင်ဆောင်မှု၊ အဆင်ခြင်မဲ့ မောင်းနှင်မှုတွေ အပါအ၀င် ပြစ်မှုမြောက်တဲ့အတွက် အရေးယူခံရမှာဖြစ်ပြီး အာမခံငွေ ဒေါ်လာ ၇၅၀၀၀ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up