သတ်မှတ်

August 27, 2017

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ကို အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အဖြစ် ဖေ့စ်ဘွတ်ခ် သတ်မှတ်

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ကို ဖေ့စ်ဘွတ်ခ်က အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှာ ထပ်တိုးဖြည့်စွက်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ပြီးနောက် Facebook စည်းမျဉ်းမှာ ARSA ဟာ အန္တရာယ်ရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းစာရင်းမှာ ထပ်တိုး ဖြည့်စွက်ချက်တွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ ပြောကြားလိုက်တာပါ။ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် Arakan Rohingya Salavation Army (ARSA) နဲ့ ပတ်သက်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို ဖေ့ဘွတ်ခ်ကို သတင်းပို့ဖို့လည်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ အကြမ်းဖက်တိုက်ခိုက်ခံရသူတွေနဲ့ အတူတကွ ရပ်တည်နေပြီး အကြမ်းဖက်သမားတွေနဲ့ အားပေးသူတွေကို ဖေ့စ်ဘွတ်ခ်မှာ ပိတ်ပင်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေတယ်လို့ သူက ဆိုပါတယ်။ ARSA နဲ့ အကြမ်းဖက်သမားတွေဟာ ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုကို အသုံးပြုခွင့်မရနိုင်ပဲ အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်ပြီး ထောက်ခံ ကူညီရာရောက်တဲ့ ရေးသားဖော်ပြတာတွေ၊ ဗွီဒီယိုနဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်က ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ARSA ရဲ့ ကြေညာချက်တွေ၊ ARSA နဲ့ဆက်နွှယ်ပြီး မဟုတ်မမှန် သတင်းမှား ဖြန့်နေတာတွေတွေ့ရင် ဖေ့စ်ဘွတ်ခ်ကို သတင်းပို့ (Report) လုပ်ပေးဖို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။
4 years Ago

August 26, 2017

ဟာဗေးမုန်တိုင်း ပိုအားကောင်းလာ၊ အဆင့် ၄ အဖြစ် သတ်မှတ်

အမေရိကန်နိုင်ငံ တက္ကဆက်ကမ်းခြေကို ချဉ်းကပ်လာနေတဲ့ ဟာဗေးမုန်တိုင်းဟာ တဖြည်းဖြည်းအားကောင်းလာနေပြီး အဆင့် ၄ အဖြစ် ပြောင်းလဲသတ်မှတ်ထားတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ပြောပါတယ်။ သြဂုတ်လ ၂၅ ရက် ညနေပိုင်းမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကျော်အထိ တိုင်းတာရရှိခဲ့ပြီး မုန်တိုင်းအအဆင့် ၄ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ပြောပါတယ်။ တက္ကဆပ်ကမ်းခြေကို ချဉ်းကပ်လာတာနဲ့အမျှ ဟာဗေးမုန်တိုင်းဟာ အားကောင်းလာပြီး မုန်တိုင်းဒဏ်ကို သြဂုတ် ၂၅ ရက်နေ့ညကစတင်ကာ ဟူစတန်မြို့မှာ အပြင်းထန်ဆုံး ခံစားရနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက ပြောပါတယ်။ ဒေသခံအာဏာပိုင်တွေက မုန်တိုင်းဒဏ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။ ရေကြီးမှုကြိုတင်ကာကွယ်ရေးအတွက်လည်း ဒေသခံအစိုးရက ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ တက္ကဆက်ပြည်နယ်တလျှောက်မှာ အမေရိကန် လေကြောင်းလုံခြုံရေးအပါအဝင် တပ်ဖွဲ့ခွဲအသီးသီးက စစ်သားစုစုပေါင်း ၇၀၀ ကျော်က ကယ်ဆယ်ရေးအတွက် အဆင်သင့် နေရာယူထားကြပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခုမှာ တက္ကဆက်မုန်တိုင်းဘေး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ တနိုင်ငံလုံးက အကူအညီတွေ ပို့ပေးပါမယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ကတိပေးခဲ့ကြောင်း တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တက္ကဆက်ပြည်နယ်ကို ဝင်ရောက်နေတဲ့ ဟာဗေးမုန်တိုင်းကို နိုင်ငံတကာ အာကာသ စခန်းကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေကိုလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up