သတ္တုတွင်း မြေအောက်စင် ပေါက်ကွဲမှု

August 25, 2021

ကိုလံဘီယာတွင် သတ္တုတွင်း မြေအောက်စင် ပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံအလယ်ပိုင်း၊ ဘိုယာကေးပြည်နယ်က တိုပါဂါစည်ပင်ဒေသထဲမှာရှိတဲ့ သတ္တုတွင်းမှာ ဩဂုတ် ၂၄ ရက်က မီသိန်းဓာတ်ငွေ့ ယိုစိမ့်လို့ တွင်းသားတွေ အလုပ်လုပ်နေတဲ့ မြေအောက်စင် ပေါက်ကွဲမှု ဖြစ်ပြီး တွင်းသား ၁၂ ယောက် သေဆုံးပါတယ်။

ကယ်ဆယ်ရေးသမားတွေက အလောင်းတွေကို ပြန်ရဖို့ ကြိုးစားနေပေမယ့် သတ္တုတွင်းစင် ပြိုကျနေလို့ ကြိုးစားအားထုတ်ရတာ ရှုပ်ထွေးနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ကိုလံဘီယာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က သတ္တုတွင်း မတော်တဆမှုတွေအတွင်း လူ ၁၇၁ ယောက် သေဆုံးခဲ့ပါတယ်။

3 months Ago
Up