သတ္တုတွင်းလုပ်ငန်း

August 1, 2021

ပီရူးအစိုးရက သတ္တုတွင်းလုပ်ငန်းကို ပုံစံသစ်ဖြင့် ကိုင်တွယ်မည်

ကမ္ဘာ့အဆင့်နှစ် ကြေးနီထုတ်လုပ်တဲ့  ပီရူးနိုင်ငံမှာ လူမှုရေး အကျိုးအမြတ်ပါတဲ့ စီမံကိန်းတွေအတွက် မက်လုံးတွေ ပေးခြင်းအားဖြင့် အရေးအကြီးဆုံး သတ္တုတွင်းလုပ်ငန်းကို ပုံစံအသစ်နဲ့ ကိုင်တွယ်ဖို့ ကြိုးစားနေတယ်လို့ စွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီး အိုင်ဗန်မေရီနိုက ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

“သတ္တုတွင်းတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေအတွက် ငွေရဖို့တင် လိုအပ်တာ မဟုတ်ဘဲ အခွန်တွေကိုလည်း ပေးရမဲ့ ပတ်ဝန်းကျင် အခြေခံအဆောက်အအုံတွေ တိုးတက်လာခြင်းအားဖြင့် ဒေသခံတွေကို ကူညီသင့်တယ်။ ဌာနေတိုင်းရင်းသားတွေကို လေးစားသင့်တယ်။ သဘာဝ ပတ်ဝန်းကျင်ကို ပိုကောင်းကောင်း ကာကွယ်သင့်တယ်"လို့ သူက ဆက်ပြောပါတယ်။

ဝန်ကြီးမဖြစ်ခင်က ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းကို လုပ်ကိုင်သူ မေရီနိုက နိုင်ငံတွင်း ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဂေဟစနစ်တို့ ကွဲပြားခြားနားတဲ့အတွက် လူသိများတဲ့ ပီရူးနိုင်ငံမှာ နယ်မြေအလိုက် ချဉ်းကပ်မှုပုံစံကိုသုံးပြီး သတ္တုတွင်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ပြောပါတယ်။

သမ္မတကတော့ နိုင်ငံအတွင်း ကျန်းမာရေးနဲ့ ပညာရေးမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံရေး ဘဏ္ဍာငွေပံ့ပိုးဖို့ သတ္တုတွင်းကဏ္ဍမှာ အခွန်တွေ တိုးကောက်မယ်လို့ ကတိပြုထားပါတယ်။

3 months Ago
Up